အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုတတ်စေရေး တိုင်းရင်းသားဒေသများ၌ ပညာပေးမည်


အင်တာနက်သုံးစွဲနေသူတစ်ဦး(ဓာတ်ပုံ−နစ်ကီ)

တိုင်းရင်းသားဒေသများ ရှိ လူငယ်များအတွက် အင်တာ နက်ဘေးကင်းစွာ အသုံးပြုတတ် ရန် ပညာပေးအစီအစဉ် စတင် လုပ်ဆောင်နေကြောင်း တယ်လီ နောမြန်မာမှ သတင်းရရှိသည်။

ဘေးကင်းသည့် အင်တာ နက် အသုံးပြုမှုအစီအစဉ်၌ အ ချက်အလက် ခိုးယူခံရခြင်း၊ ဒစ်ဂျစ် တယ်နည်းပညာပေါ်မှ အနိုင်ကျင့်ခံရခြင်း၊ အင်တာနက်အခြေပြုလိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ညစ်ညမ်းစာတိုပေးပို့မှု၊ အမုန်းစကားဖြန့်ဖြူးခြင်း အပါအ၀င် အ ကြောင်း အရာမျိုးစုံပါဝင်သည်။


အင်တာနက်နှင့်ပတ်သက် ၍ ပညာပေးအစီအစဉ်တွင် နည်း  ပညာကို အသုံးပြု၍ ပညာရေး ကဏ္ဍ၌ အကျိုးရှိစွာ အသုံးချ တတ်ရန် တယ်လီနောက ပူးတွဲ လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ချောင်းဆုံ၊ ရွာလွတ်၊ မူးရစ်က လေး၊ ကမာကေးနှင့် မုဒွန်း အစရှိ သည့် တည်နေရာ ငါးခုတွင်ပညာ ပေးအစီအစဉ် စတင်နေပြီဖြစ် သည်။

တယ်လီနောသည် လက် နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးစုများနေထိုင်သည့်ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း)ဒေသများတွင် ကွန် ရက်ဖြန့်ကြက်ရေး အထောက်အကူဖြစ်စေမည့် ဆက်ဆံရေးအရာရှိ ရှစ်ဦး ခန့်အပ်ထားပြီး ဒေသတွင်း ဘာသာ စကားကျွမ်းကျင်သည့် အဆိုပါ ဆက်ဆံရေးအရာရှိများမှတစ်ဆင့် ဘေးကင်းစွာ အင်တာနက်အသုံးပြုရေး ပညာပေးအစီအစဉ်ကို လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

‘‘စစ်တမ်းအရဆိုရင် အင် တာနက်အသုံးပြုသူတွေ၊ အထူး သဖြင့် ကျောင်းနေအရွယ် ကလေး ငယ်တွေအနေနဲ့ အင်တာနက်ရဲ့ အကျိုးအပြစ်တွေကို နားလည် သဘောပေါက်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိနိုင်ပါ တယ်။ တစ်ဖက်မှာလည်း ဝေးလံ ခေါင်ဖျားတဲ့နေရာတွေမှာ ဒီသင်  တန်းတွေကို ပို့ချမယ်ဆိုရင် မြို့ပြ နဲ့ ကျေးလက်ကြားက ဒစ်ဂျစ် တယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု ကွာဟ ချက်နှုန်းကို လျှော့ချပေးနိုင်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်’’ဟု တယ်လီနောမှ ကိုမင်း သူက ပြောသည်။

အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုတတ်စေရေး တိုင်းရင်းသားဒေသများ၌ ပညာပေးမည် အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုတတ်စေရေး တိုင်းရင်းသားဒေသများ၌ ပညာပေးမည် Reviewed by The Collector on Sunday, February 05, 2017 Rating: 5

No comments