ရေဘေးသင့်ရခိုင်ပြည်သူများအတွက် တယ်လီနောက တစ်ဦးလျှင် ဖုန်းဘီလ် ၅၀၀ကျပ် ထည့်သွင်းပေး


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် အရေးပေါ်ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန် တယ်လီနောဖုန်းဆင်းမ်ကတ် အသုံးပြုသူတစ်ဦးလျှင် ဘီလ် ၅၀၀ကျပ်စီ ဇူလိုင် ၈ ရက်မှစ၍ အခမဲ့ထည့်သွင်းထားကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။

‘‘ရခိုင်ပြည်နယ်က တယ်လီနောသုံးစွဲသူတွေအတွက် မိမိတို့ ရဲ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အရေးပေါ်ဆက်သွယ်နိုင်စေဖို့ ယနေ့ကစပြီး ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်’’ဟုတယ်လီနောမြန်မာ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

ဇူလိုင် ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ နေရာအနှံ့အပြားတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ရေဘေးဒဏ် အဓိကခံစားနေရသည့် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့များရှိ တယ်လီနောအသုံးပြုသူများ အရေးပေါ်ဆက်သွယ်နိုင်ရန် ဖုန်းဘီလ်ထည့်သွင်းပေးရခြင်းဖြစ်သည်။


‘‘ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသတွေမှာလိုအပ်ချက်ပေါ်မူတည်ပြီး ကူညီထောက်ပံ့မှုတွေ ဆက်လုပ်ဖို့လည်း ရှိပါတယ်’’ဟု တယ်လီနောမြန်မာပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် ၎င်းတို့၏မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို ယခုနှစ်မေလက ရခိုင်ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတစ်ဝန်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူပေါင်း ၁၆သန်းကျော်အား ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ရေဘေးသင့်ရခိုင်ပြည်သူများအတွက် တယ်လီနောက တစ်ဦးလျှင် ဖုန်းဘီလ် ၅၀၀ကျပ် ထည့်သွင်းပေး ရေဘေးသင့်ရခိုင်ပြည်သူများအတွက် တယ်လီနောက တစ်ဦးလျှင် ဖုန်းဘီလ် ၅၀၀ကျပ် ထည့်သွင်းပေး Reviewed by The Collector on Monday, July 11, 2016 Rating: 5

No comments