အမေရိကန်တွင်ကျင်းပမည့် စက်ရုပ်နည်းပညာပြိုင်ပွဲသို့ မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ယှဉ်ပြိုင်မည်


စက်ရုပ်နည်းပညာပြိုင်ပွဲတစ်ခုတွင် ပြိုင်ပွဲဝင်တစ်ဦးပြသယှဉ်ပြိုင်နေစဉ်(Argenis Apolinario)

 အမေရိကန်တွင်ကျင်းပ မည့် စက်ရုပ်နည်းပညာပြိုင်ပွဲသို့ အသက် (၁၅)နှစ်မှ (၂၀) အတွင်း လူငယ်ငါးဦးမှ ခုနစ်ဦးပါဝင်သော မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့က သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

FIRST Global အဖွဲ့အစည်း ကဦးဆောင်ကျင်းပသည့် စက်ရုပ် နည်းပညာပြိုင်ပွဲဖြစ်ပြီး နိုင်ငံ ပေါင်း ၁၃၁ နိုင်ငံမှ ကိုယ်စားပြု အဖွဲ့များဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ စက်ရုပ်နည်းပညာ ပြိုင်ဆိုင်ရန် မြန်မာနိုင်ငံကိုယ်စား ပြု အဖွဲ့ကို ဖန်တီးရာအဖွဲ့က ရွေးချယ်လေ့ကျင့်ပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် လူငယ်များ တက်ရောက် လျှောက်ထားနိုင် ကြောင်း ဖိတ်ခေါ်ထားသည်။


စက်ရုပ်နည်းပညာပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု အနေဖြင့် သွား ရောက်လိုသူ လူငယ်များသည် ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား၍ http://bit.ly/2I7 AdID သို့ ၀င်ရောက်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများသည် မတ်၊ ဧပြီ၊ မေ ဇွန်လများတွင် တစ်ပတ်လျှင် ၁၀ နာရီထက်မနည်း စက်ရုပ်တည်ဆောက်ခြင်းနှင့် စမ်းသပ် မောင်းနှင်ခြင်းများကို မြန်မာနိုင်ငံ၌ လေ့ကျင့်လုပ်ဆောင်ရမည်ဖြစ်သည်။

လေ့ကျင့်ပြီးသား နိုင်ငံကိုယ် စားပြုအဖွဲ့သည် ဇူလိုင်အတွင်း ၀ါရှင်တန်ဒီစီသို့ တစ်ပတ်ကြာ စရိတ်ငြိမ်းသွားရောက်၍ စက်ရုပ် နည်းပညာများ သွားရောက် ယှဉ်ပြိုင်လေ့လာရမည်ဟု ဖန်တီး ရာအဖွဲ့က သတင်းထုတ်ပြန်ထား သည်။ FIRST Global အဖွဲ့သည် မြန်မာနိုင်ငံကိုယ်စားပြု စက်ရုပ် နည်းပညာယှဉ်ပြိုင်မည့်အဖွဲ့ကို ဖွဲ့စည်းပေးရန် ဖန်တီးရာသို့ တာ ၀န်ပေးအပ်ထားသည်။

စက်ရုပ်နည်းပညာပြိုင်ပွဲသို့ သွားရောက်ခွင့်ရရှိသည့် မြန်မာ နိုင်ငံကိုယ်စားပြုအဖွဲ့ကို ဖေဖော် ၀ါရီ ၂၈ ရက်၌ ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ပြီး ပြိုင်ပွဲမ၀င်မီ တည်ဆောက်မည့် စက်ရုပ်အ တွက် ကုန်ကျစရိတ်များကိုလည်း ပြိုင်ပွဲဝင်များအနေဖြင့် ပေးအပ် ရန်မလိုကြောင်း ဖန်တီးရာအဖွဲ့မှ စုံစမ်းသိရသည်။

အမေရိကန်တွင်ကျင်းပမည့် စက်ရုပ်နည်းပညာပြိုင်ပွဲသို့ မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ယှဉ်ပြိုင်မည် အမေရိကန်တွင်ကျင်းပမည့် စက်ရုပ်နည်းပညာပြိုင်ပွဲသို့ မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ယှဉ်ပြိုင်မည် Reviewed by The Collector on Friday, February 17, 2017 Rating: 5

No comments