ထိုင်းနှင့် မလေးရှားနိုင်ငံသို့ မိုဘိုင်းဖုန်းသယ်ဆောင်အသုံးပြုခ တယ်လီနောလျှော့ချ


ထိုင်းနှင့် မလေးရှားနိုင်ငံ များသို့ မိုဘိုင်းဖုန်းယူဆောင်သူများသည် မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဟု တယ်လီနောပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။

တယ်လီနောဖုန်းလိုင်းများ ကို ထိုင်းနှင့် မလေးရှားနိုင်ငံသို့အ တွင်း မည်သည့်ဖုန်းလိုင်းကိုမဆို တစ်မိနစ်လျှင်၂၅ ကျပ်ဖြင့် ခေါ်ဆိုလိုပါက တစ်ရက်လျှင် ၀န်ဆောင်ခ ၅၀၀ ကျပ်ပေးသွင်းရမည်ဖြစ် သည်။ 500 သို့ TMROAM ဟု ရေးသား၍ တစ်ရက်စာဝန်ဆောင် ခပေးသွင်းပြီးပါက အင်တာနက် အသုံးပြုမှုအတွက် 1MB လျှင် ရှစ်ကျပ်သာကောက်ခံမည်ဖြစ်ပြီး SMS တစ်စောင်ပေးပို့မှုအတွက် ၁၅ ကျပ်သာ ကောက်ခံမည်ဟု တယ်လီနောက သတင်းထုတ်ပြန် ထားသည်။ အလားတူ မည်သည့် ဖုန်းလိုင်းအ၀င်ကိုမဆို လက်ခံပါ က တစ်မိနစ်လျှင် ၅၀ ကျပ် ကျသင့်မည်ဖြစ်သည်။


 ဈေးနှုန်းလျှော့ချမှုတွင် တယ်လီနောက ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သယ်ဆောင် အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်း များသာမက မြန်မာနိုင်ငံအတွင်း ရှိ တယ်လီနောလိုင်းကို အသုံးပြု​၍ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံရှိမိုဘိုင်းဖုန်းလိုင်းများသို့ ဆက်သွယ်ခေါ်ဆိုမှုကိုလည်း ဈေးနှုန်းလျှော့ချခဲ့သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံရှိ dtac ဖုန်းလိုင်းနှင့် မလေးရှားနိုင်ငံအတွင်းရှိ digi ဖုန်းလိုင်းများသို့ ခေါ်ဆိုပါက တစ်လလျှင် ၁,၀၀၀ ကျပ် ၀န်ဆောင်ခပေးသွင်း ၍ တစ်မိနစ် ၅၀ ကျပ်ဖြင့် ခေါ် ဆိုနိုင်မည်ဖြစ်သည်။ ပုံမှန်အား ဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ သို့ အသံခေါ်ဆိုမှု ပြုလုပ်ပါက တစ်မိနစ်လျှင် ၂၀၀ ကျပ် ကောက် ခံသော်လည်း အော်ပရေတာအ ကန့်အသတ်ဖြင့် တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံသည်။

တစ်မိနစ် ၅၀ ကျပ်ဖြင့် ထိုင်း နိုင်ငံနှင့် မလေးရှားနိုင်ငံရှိ dtac နှင့် digi ဖုန်းလိုင်းများသို့ ခေါ်ဆို ရန် စာရင်းပေးသွင်းခြင်းကို တစ် လလျှင် ၁,၀၀၀ ကျပ်ဖြင့် 500 သို့ TMIDD စာရင်းပေးသွင်းနိုင် သည်။ ‘‘ကုန်ကျစရိတ်က ၇၅ ရာ ခိုင်နှုန်းလောက် သက်သာသွား တယ်။ ဒီနိုင်ငံကခေါ်ရင်တော့ dtac နဲ့ digi ဖုန်းလိုင်းတွေဆီကိုပဲ ရမယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံထဲမှာ သယ်ပြီးသုံးရင် ဘယ် အော်ပရေတာရဲ့ ဖုန်းလိုင်းကိုမ ဆို အကျုံးဝင်တယ်’’ဟု ကိုအဲ လက်စ်က ပြောသည်။

ထိုင်းနှင့် မလေးရှားနိုင်ငံသို့ မိုဘိုင်းဖုန်းသယ်ဆောင်အသုံးပြုခ တယ်လီနောလျှော့ချ ထိုင်းနှင့် မလေးရှားနိုင်ငံသို့ မိုဘိုင်းဖုန်းသယ်ဆောင်အသုံးပြုခ တယ်လီနောလျှော့ချ Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments