လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်နိုင်သည့် Hotline အစီအစဉ် ခရိုင်သုံးခုအတွက် ထပ်မံတိုးချဲ့မည်


လွှတ်တော်ကိုယ်စားလှယ်အချို့ ပြည်သူများနှင့် တိုက်ရိုက်ဖုန်းပြောနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

 ပြည်သူများက လွှတ် တော်ကိုယ်စားလှယ်များထံ တိုင်ကြားစာ၊ သတင်းပေးပို့စာများပေးပို့ပြောကြားနိုင်သည့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ Hotline အစီအစဉ်ကို မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်များအတွက် တိုးချဲ့ဝန်ဆောင်မှုပေးရန် အစီအစဉ်ရှိ ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Blue Ocean Operating Management က ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ခရိုင်ရှိ ပြည်သူများ၏ သတင်းပေး ခြင်း၊ တိုင်ကြားခြင်းများကို မှတ် တမ်းတင်၍ သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်များထံပေးပို့ သည့် အစီအစဉ်ကို ရှေ့ပြေးစီမံချက်အဖြစ် လုပ်ဆောင်နေပြီး ယင်းစီမံချက်ထိရောက်မှုရှိပါက ကျန်ခရိုင်သုံးခု၌ တိုးချဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Blue Ocean လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်အောင်ဇော် ကပြောသည်။

‘‘ဒီအစီအစဉ်က သြဂုတ် ၈ ရက်မှာစပြီး Pilot Project (ရှေ့ ပြေးစီမံချက်) အနေနဲ့ တောင်ပိုင်း ခရိုင်အတွက် စတင်ခဲ့တယ်။ ဒီ အတောအတွင်း ကျွန်တော်တို့ ဆန်းစစ်မှုတွေပြုလုပ်ရဦးမယ်။ တခြားခရိုင်တွေအတွက်လည်း တိုး ချဲ့ချင်ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့အစည်းအဝေးတွေထိုင် ပြီး ဆုံးဖြတ်ရမယ့်သဘောရှိတာ ပေါ့’’ဟု ၎င်းကရှင်းပြသည်။


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်းမြို့နယ်များမှာ ရန်ကုန်မြို့နှင့် အလှမ်း ဝေးပြီး ဆက်သွယ်ရန်ခက်ခဲသော ကြောင့် Hotline ဖုန်းမှဆက်သွယ် ပြောကြားနိုင်သည့် အစီအစဉ်ကို ဦးစားပေးအဖြစ် စတင်ခဲ့သည်ဟု ဦးအောင်အောင်ဇော်က ဆိုသည်။

အထက်ပါ အရေးပေါ်ဖုန်းနံ ပါတ် (Hotline) ၀၁-၂၃၉၉၁၀၈ ၀န်ဆောင်မှုစတင်သည့် သြဂုတ် ၈ ရက်မှ ၂၆ ရက်အထိ ပြည်သူ များက ဖုန်းခေါ်ဆိုကြိမ်အရေအ တွက် ခြောက်ဆယ်ခန့်ရှိကြောင်း သိရသည်။

ထို့အပြင် Hotline ဖုန်းနံပါတ် မှတစ်ဆင့် ပြည်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ တိုက်ရိုက်ဖုန်း ပြောဆိုသည့် အစီအစဉ်တစ်ရပ် ကိုလည်း သြဂုတ် ၂၇ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သုံးနာရီကြာ ပြုလုပ်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်နိုင်သည့် Hotline အစီအစဉ် ခရိုင်သုံးခုအတွက် ထပ်မံတိုးချဲ့မည် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်နိုင်သည့် Hotline အစီအစဉ် ခရိုင်သုံးခုအတွက် ထပ်မံတိုးချဲ့မည် Reviewed by The Collector on Monday, August 29, 2016 Rating: 5

No comments