ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင် ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင်


ဖုန်းဖြင့် အင်တာနက်သုံးစွဲနေကြသူများ(ဓာတ်ပုံ−စိုင်းဇော်)

 ပြည်တွင်းဆက်သွယ် ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ် သည့် Global Net သည် ရန်ကုန် မြို့ရှိ တည်နေရာ ၂၀ ၌ ဝိုင်ဖိုင် ကွန်ရက်ကို အခမဲ့အသုံးပြုနိုင်ရန် ထုတ်လွှင့်ခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့သည်။

5BB အမည်ဖြင့် အခမဲ့ဝိုင် ဖိုင်ကွန်ရက်ကို ရွှေတိဂုံစေတီ၊ ဆေးတက္ကသိုလ် ၁၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ အပြည်ပြည်ဆိုင် ရာလေဆိပ်၊ ဘူတာကြီး၊ ဗိုလ်ချုပ် ဈေး၊ ကရဝိက်ဥယျာဉ်၊ တပ်မ တော်ခန်းမ၊ Ya Kon(လေဆိပ်)၊ LOTTERIA (ပုလဲကွန်ဒို)၊ LOTT-ERIA (၆ မိုင်ခွဲ)၊ LOTTERIA (တရုတ်တန်း)၊ EATFINITY Re-staurant ၊ ရွှေကောင်း(ဗဟန်း)၊DIY၊ O-Shabu၊ Harmony (လှိုင်တက္ကသိုလ်)၊ Cafe Milano၊ LA Bar နှင့် 7th Joint Bar & Grill အစရှိသည့် တည်နေရာ ၂၀ ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။


ယင်းကွန်ရက်ကို ရန်ကုန်၊ မန္တလေး၌ တိုးချဲ့တပ်ဆင်ရန် ဆွေးနွေးမှုများပြုလုပ်နေပြီး နှစ်လအတွင်း တည်နေရာ ၅၀ ကိုအခမဲ့ဝိုင်ဖိုင်ကွန်ရက် တပ်ဆင်ပေးနိုင်ရန် လုပ်ဆောင်နေသည်ဟုGlobal Net ၏စီအီးအို ကိုသိန်းသန်းတိုးက ပြောသည်။ ‘‘ဆက်သွယ်ရေးလိုင်စင်ရပြီးတဲ့နောက် ပထမဦးဆုံးမိတ်ဆက်တဲ့ Brand လည်း ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်ထားတာမဟုတ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့အတွက်လည်း ကျွန်တော်တို့နည်းလမ်းရှာရမှာပါ’’ဟု ၎င်းက ပြောသည်။

5BB အခမဲ့ဝန်ဆောင်မှုကို အမြန်နှုန်း 512 kbps မှ 1MB အထိအသုံးပြုရန် ထုတ်လွှင့်ပေးထား ပြီး တစ်ဦးတစ်ယောက်တည်းအ ချိန်ကြာမြင့်စွာ ဝင်ရောက်အသုံး ပြုနေခြင်းမှ ကာကွယ်ရန် မိနစ် ၃၀ လျှင် တစ်ကြိမ် Accept အနေဖြင့် ပြန်လည်ဝင်ရောက်ရမည် ဖြစ်သည်။ အခမဲ့ ဝိုင်ဖိုင်ကွန်ရက် ကို ရန်ကုန်မြို့၌ Global Net အပြင် Red Link နှင့် အခြားသော ဆက်သွယ်ရေး ကုမ္ပဏီများက လည်း တည်နေရာအလိုက် ကြော်ငြာအနေဖြင့် ပေးအပ်နေသည်။

5BB ဆိုသည်မှာ Speed၊ Coverage၊ Price၊ Service၊ User အားလုံးပြည့်စုံသည့် Broadband အင်တာနက်စနစ်ကို ရည်ရွယ် ခေါ်ဆိုခြင်းဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာအတွင်း စတင်ခဲ့သည်။

ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင် ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင် ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင် ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင် Reviewed by The Collector on Friday, January 13, 2017 Rating: 5

No comments