Samsung Galaxy S7 နဲ့ S7 Edge..


ဒီနေ့မှာ Samsung က Flagship ဖုန်းအသစ်တွေဖြစ်တဲ့ S7 နဲ့ S7 Edge တွေကို ကြေညာသွားခဲ့တာ အားလုံးအသိပဲ ဖြစ်မှာပါ။ ခုကြေညာခဲ့တဲ့ မျိုးဆက်သစ်ဖုန်းနှစ်လုံးဟာဆိုရင် Samsung ရဲ့ Premium ဖုန်းများဖြစ်သလို ပြိုင်ဘက်တွေကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ထားတဲ့ ဖုန်းတွေလဲဖြစ်ပါတယ်။ ဒီဖုန်းတွေမှာ အရင်မော်ဒယ်ဖုန်းတွေဖြစ်တဲ့ S6 နဲ့ S6 Edge, Edge plus တို့နဲ့ ဘာများ ကွာခြားလာသလဲ? ဘာတွေတိုးတက်ပြောင်းလဲသွားသလဲ နည်းနည်းလောက် ကြည့်ရအောင်..

Body

Screen ရဲ့ အရွယ်အစားပိုင်း နဲ့ အလေးချိန်ပိုင်းမှာ S7 နဲ့ S6 ဟာ အတူတူလောက်နီးပါးရှိတာကို တွေ့ရပါတယ်။ S7 က အလေးချိန် အနည်းငယ်ပိုစီးပေမယ့် 14g ပဲ ကွာခြားမှုရှိတာကြောင့် မပြောပလောက်ပါဘူး။ S7 Edge ကတော့ S6 Edge ထက် Screen နည်းနည်း ပိုကြီးပြီး နည်းနည်းပို လေးလာသလို Body Dimension လဲ အနည်းငယ်ပြောင်းလဲတာကိုတွေ့ရပါတယ်။ Corning Gorilla Glass 4 ကနေ 5 ဖြစ်လာတာ တွေ့ရသလို Body ပိုင်း အထူးခြားဆုံး ပြောင်းလဲမှုအဖြစ် ရေစိုခံလာတာကို တွေ့ရပါတယ်။ IP68 Certified Dust and Water Proof ဖြစ်ပြီး ရေအောက် 1.5 မီတာ အနက်မှာ နာရီဝက်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။

Display

Display ပိုင်းမှာ Screen Resolution အနေနဲ့ အပြောင်းအလဲမရှိဘူးလို့ ပြောလို့ရပါတယ်။ 1440 x 2560 pixels ရရှိတာခြင်းအတူတူပါပဲ။ Pixel Density မှာတော့ S7 က S6 နဲ့ အတူတူပဲ 577 ppi ရရှိပေမယ့် S7 Edge ကတော့ S6 Edge ထက် အနည်းငယ်နည်းသွားပြီး 534 ppi ဖြစ်သွားတာကိုတွေ့ရပါတယ်။ ထူးခြားတဲ့ Feature ပိုင်းကို ပြောရမယ်ဆိုရင်တော့ Always-on Display ဆိုတဲ့ နည်းပညာပါဝင်လာပြီး ဖုန်းရဲ့ Lock Screen ပေါ်မှာ Information တွေကို ပြသပေးနေမယ့် Feature တစ်ခုဖြစ်ပါတယ်။

Engine and OS

CPU ပိုင်းမှာ Qualcomm Snapdragon နဲ့ Exynos Chipset နှစ်မျိုး အသုံးပြုထားပြီး Quad-core 2.3 နဲ့ Dual-core 2.15 နှစ်မျိုး ရနိုင်ပါတယ်။ Android ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ 6.0 Marshmallow ကို အသုံးပြုထားတာကို တွေ့ရပါတယ်။

Memory and Battery

S6 အသုံးပြုသူတွေ အလိုချင်ဆုံးဖြစ်ခဲ့ပြီး မရနိုင်ခဲ့တဲ့ Feature ဖြစ်တဲ့ MicroSD Card ထပ်တိုးခွင့်ကို S7 ဖုန်းတွေမှာ ပြန်လည်မြင်တွေ့ရပါတယ်။ ဒါဟာ တကယ်ကို ကောင်းတဲ့အချက်ပဲဖြစ်ပြီး user တော်တော်များများအတွက် အသုံးဝင်တဲ့အချက်ဖြစ်ပါတယ်။ Internal Memory ကတော့ 32GB တစ်မျိုးပဲ ရနိုင်မယ်လို့ ဆိုပါတယ်။ RAM ပိုင်းမှာလဲ 4GB အထိ မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။ နောက်တစ်ချက်အနေနဲ့ S6 User တွေ Complain အတက်ဆုံး ဖြစ်ခဲ့တဲ့ Battery ပိုင်းကိုလဲ S7 မှာ အဆင့်မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။ S7 ရဲ့ Battery ဟာ 3000 mAh ဖြစ်ပြီး S7 Edge ကတော့ 3600 mAh အထိ တိုးမြှင့်ပေးထားတာပါ။ ဒါ့အပြင် S6 မှာ မပါဝင်ခဲ့တဲ့ Quick Charge 3.0 လဲ ပါဝင်တဲ့အတွက် Battery 83% ကို မိနစ် 30 အတွင်း အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။

Camera

Camera ပိုင်းမှာတော့ အနည်းငယ် လျှော့ချထားတာတွေ့ရပြီး ယခင်က 16 MP တွေနေရာမှာ 12 MP တွေနဲ့ အစားထိုးတပ်ဆင်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် fast-focusing လို Feature အသစ်မျိုးတွေတော့ ထည့်သွင်းပေးထားပါတယ်။ Secondary Camera တွေကိုတော့ 5MP တပ်ဆင်ပေးထားပြီး Feature အနည်းငယ်အပြောင်းအလဲ ပြုလုပ်ထားတာ တွေ့ရပါတယ်။

Price and Recommendation

S7 မျိုးဆက်ဖုန်းတွေဟာ ယခင် S6 မျိုးဆက်ဖုန်းတွေရဲ့ အားနည်းချက်တွေကို ပြန်လည်ဖာထေးပြုပြင်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် S6 ဖုန်းတွေထက် အသာရနေမှာတော့ ငြင်းစရာမရှိပါဘူး။ ဒီဇိုင်းပိုင်း၊ Feature ပိုင်း၊ Performance ပိုင်းတွေမှာ အများကြီးပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ Design ပိုင်းကောင်းကောင်း နဲ့ Premium ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်တော့ ပထမဆုံး စဉ်းစားသင့်တဲ့ ဖုန်းတွေပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့် အနည်းဆုံး မြန်မာကျပ်ငွေ (၁၀) သိန်းအထက်မှာ ရှိမှာတော့ သေချာပါတယ်။ ဒါကြောင့် စတင်ပေါ်ကာစမှာ မဝယ်ယူသေးဘဲ ဈေးနှုန်းရော performance ပိုင်းပါ Stable ဖြစ်ချိန်ကျမှ စောင့်မျှော်ဝယ်ယူသင့်ကြောင်း တင်ပြလိုက်ပါတယ်။

အောင်မွန်ချမ်း
www.priceinmyanmar.com
Samsung Galaxy S7 နဲ့ S7 Edge.. Samsung Galaxy S7 နဲ့ S7 Edge.. Reviewed by The Collector on Tuesday, February 23, 2016 Rating: 5

No comments