အက်ပလီကေးရှင်းများကို ဖုန်းနံပါတ်ဖြင့် Log in ဝင်နိုင်မည့် ဝန်ဆောင်မှုစတင်


တယ်လီနောမြန်မာအသုံးပြုသူများသည် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများ၌ Log in ဝင်ရာတွင် ဖုန်းနံပါတ်ဖြင့်သာ ဖန်တီးနိုင်သည့် Mobile Connect ဝန်ဆောင်မှုကို စတင်မိတ်ဆက် ကြောင်း သတင်းရရှိသည်။

ယခုမိတ်ဆက်သည့် Mobile Connect မှာ အက်ပလီကေး ရှင်းများ၌ Log in ဝင်ရာတွင် အီးမေးလ်လိပ်စာများ၊ စကားဝှက် (password)များ မလိုအပ်တော့ဘဲ တယ်လီနောမြန်မာ ဖုန်း နံပါတ်ဖြင့် အသုံးပြုဝင်ရောက်နိုင်မည်ဖြစ်ပြီး အသုံးပြုသူများအ တွက် ရှုပ်ထွေးသည့် Log in ဝင်ရောက်မှုများကို ယင်းဝန်ဆောင် မှုက ဖြေရှင်းပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ဈေးကွက် အရာရှိချုပ် Joslin E Mythong က ပြောသည်။

‘‘ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ၊ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကို ဝင်တဲ့အခါမှာ email ကို အဓိကအကောင့်နဲ့ စကားဝှက်အဖြစ် အဓိကထားသုံးစွဲနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တော်တော်များများက email adress မရှိကြဘူး။ ပြီးတော့ ပထမဆုံးအင်တာနက်အသုံးပြုတဲ့သူတွေက လည်း email မသုံးတတ်ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ Mobile Connect ဝန်ဆောင်မှုကို ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာသုံးခုထဲတွင် တယ်လီနောမြန်မာက ပထမဆုံးမိတ်ဆက်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်ဖျော်ဖြေရေး၊ e-commerce နှင့် e-gopvernment ဝန်ဆောင် မှုများအတွက်လည်း မိုဘိုင်းဖုန်းမှတစ်ဆင့် ဆက်သွယ်အသုံးပြု နိုင်သည်။


ပြည်တွင်း၌ ဝန်ဇင်းအက်ပလီကေးရှင်းမှာ Mobile Connect ဝန်ဆောင်မှုကို အသုံးပြုထားပြီး ယင်းအက်ပလီကေးရှင်းကို အသုံးပြုရန် အီးမေးလ်လိပ်စာမလိုအပ်ဘဲ ဖုန်းနံပါတ်ဖြင့်သာ ဝင်ရောက်နိုင်ကြောင်း ဝန်ဇင်းတွဲဖက်တည်ထောင်သူ ဦးသက် လင်းဟန်က ပြောသည်။

အက်ပလီကေးရှင်းများကို ဖုန်းနံပါတ်ဖြင့် Log in ဝင်နိုင်မည့် ဝန်ဆောင်မှုစတင် အက်ပလီကေးရှင်းများကို ဖုန်းနံပါတ်ဖြင့် Log in ဝင်နိုင်မည့် ဝန်ဆောင်မှုစတင် Reviewed by The Collector on Tuesday, March 15, 2016 Rating: 5

No comments