တယ်လီနောက သတင်းနှင့် ဖျော်ဖြေရေးဝန်ဆောင်မှု အက်ပလီကေးရှင်းမိတ်ဆက်


 ဒေတာဖြတ်တောက် ခြင်းမရှိဘဲ အခမဲ့အသုံးပြုနိုင် သည့် Wow Box အမည်ရှိ သတင်းနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ ပါဝင်သည့် အက်ပလီကေးရှင်းကို တယ်လီနောက စတင်မိတ်ဆက် ခဲ့သည်။

WowBox အက်ပလီကေး ရှင်းသည် တယ်လီနော၏ ထုတ် ကုန်တစ်ခုဖြစ်ပြီး တယ်လီနော ဆင်းမ်ကတ်အသုံးပြုသူများသည် ဒေတာအခမဲ့စနစ်ဖြင့် အသုံးပြု နိုင်သော်လည်း အခြားသော မိုဘိုင်းဆင်းမ်ကတ်များ၌ ထည့် သွင်းအသုံးပြုနိုင်မည်မဟုတ်ပေ။


WowBox ကို တယ်လီနော က နေ့စဉ်လူမှုဘဝအတွက် အသုံးဝင်ရန် ရည်ရွယ်ထုတ်လုပ်ထားပြီး မြန်မာဘာသာဖြင့် နေ့စဉ်သတင်း ထူး၊ ဂိမ်း၊ တေးသီချင်း၊ မိုးလေဝသသတင်း၊ လူမှုဘဝဆောင်းပါးနှင့် နှလုံးသားရေးရာ အကြံပေးချက် စသည်ဖြင့် ကဏ္ဍမျိုးစုံကို အက်ပလီကေးရှင်း၌ ထည့်သွင်းဖော်ပြသည်။

‘‘သတင်းတွေ၊ သီချင်းတွေ အပြင် တယ်လီနောရဲ့ ဝန်ဆောင် မှုမျိုးစုံကိုလည်း တစ်နေရာတည်း မှာ ရနိုင်ပါတယ်။ အက်ပလီကေး ရှင်း အသုံးပြုမှုအတွက် ဒေတာက အခမဲ့ပါ’’ဟု တယ်လီနောမြန်မာ ဈေးကွက်ဖော်ဆောင်ရေး အရာရှိ ချုပ် Joslin Myrthong က ပြော ကြားသည်။

တယ်လီနောသည် Wow Box အက်ပလီကေးရှင်းကို ပရို မိုးရှင်းပြုလုပ်သည့် အနေဖြင့် Google Play မှ ဒေါင်းလုတ်ရယူ အသုံးပြုသူများအတွက် တစ်ရက် လျှင် ထပ်ဆောင်းဒေတာ 50MB ပေးအပ်နေသည်။ ‘‘WowBox သုံးတာက အခမဲ့ပါ။ 50MB က တခြားကိုယ်ကြိုက်တဲ့အရာသုံးဖို့ အင်တာနက်လက်ဆောင်ပါ’’ဟု WowBox အက်ပလီကေးရှင်း မန်နေဂျာက ပြောသည်။

WowBox အက်ပလီကေး ရှင်းကို တယ်လီနောက ဘင်္ဂလား ဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ၌ စတင် မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင် အသုံးပြုသူ ကိုးသန်းခန့်ရှိကြောင်း  အော်ပရေတာက သတင်းထုတ် ပြန်ထားသည်။ WowBox အက် ပလီကေးရှင်းကို မြန်မာနိုင်ငံ၌ တယ်လီနောအသုံးပြုသူအားလုံး ဒေတာအခမဲ့ဖြင့် မတ်လ ၃၀ ရက်က စတင်အသုံးပြုခဲ့သည်။

တယ်လီနောက သတင်းနှင့် ဖျော်ဖြေရေးဝန်ဆောင်မှု အက်ပလီကေးရှင်းမိတ်ဆက် တယ်လီနောက သတင်းနှင့် ဖျော်ဖြေရေးဝန်ဆောင်မှု အက်ပလီကေးရှင်းမိတ်ဆက် Reviewed by The Collector on Sunday, April 02, 2017 Rating: 5

No comments