ရှစ်နိုင်ငံအသိအမှတ်ပြု အိုင်တီကျွမ်းကျင်မှုစံနှုန်းစာမေးပွဲ၌ ကလေးငယ်တစ်ဦးဝင်ရောက်ဖြေဆို


ဓာတ်ပုံ−MCPA

  မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှ Information Technology Pro-fessional Examination Council(ITPEC) တို့ပူးပေါင်း ကျင်းပသည့် နိုင်ငံ ရှစ်နိုင်ငံအသိအမှတ် ပြု အိုင်တီကျွမ်းကျင်မှု စံနှုန်းစာ မေးပွဲတွင် အသက်(၁၂)နှစ်အ ရွယ် ယောင်္ကျားလေးငယ်တစ်ဦးဝင်ရောက်ဖြေဆိုခဲ့သည်။

‘‘ဒီစာမေးပွဲမှာ အသက်အ ရွယ် ကန့်သတ်ချက်မရှိပါဘူး။ အိုင်တီနဲ့ ပတ်သက်တဲ့ ကျွမ်းကျင် မှုစံနှုန်းကို သတ်မှတ်ပေးတဲ့အသိ အမှတ်ပြု စာမေးပွဲဖြစ်တာ ကြောင့် အိုင်တီအခြေခံရှိတဲ့ မည် သူမဆို ဝင်ပြီးတော့ ဖြေဆိုလို့ရပါ တယ်။ ဒီကလေးကတော့ အခုစာ မေးပွဲကို ဖြေတဲ့သူတွေထဲမှာ အ သက်အငယ်ဆုံးဖြေဆိုသူဖြစ်ပါ တယ်’’ဟု ITPEC အိုင်တီကျွမ်း ကျင်မှုစံနှုန်း သတ်မှတ်ချက်စာ မေးပွဲ၏ Exam Coordinator မသီတာထွန်းက ပြောသည်။


အဆိုပါစာမေးပွဲသည် အိုင် တီနှင့်ပတ်သက်သည့် Software, Hardware အခြေခံရှိသူများအနေဖြင့် ၎င်းတို့၏အိုင်တီကျွမ်းကျင်မှု ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ ကို တရားဝင်အသိအမှတ်ပြုရရှိ နိုင်စေရန် ဖြေဆိုရပြီး Techno-logy, Strategic နှင့် Management စသည့် ကဏ္ဍသုံးခုကို ဖြေဆိုရ ခြင်းဖြစ်သည်။

‘‘ဒီစာမေးပွဲမှာ Level 1 နဲ့ Level 2 ဆိုပြီးတော့ နှစ်မျိုးသတ် မှတ်ထားပါတယ်။ ရန်ကုန်တစ်ခု တည်းတင် ဖြေဆိုသူပေါင်း သုံးရာ လောက်ရှိပါတယ်။ ရှစ်နိုင်ငံ အသိအမှတ်ပြုဖြစ်တာကြောင့် အိုင်တီ နယ်ပယ်မှာ ရပ်တည်ချင်တာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ ဝင် ရောက်လုပ်ကိုင်ချင်တာပဲ ဖြစ် ဖြစ် ဒီစာမေးပွဲဖြေထားရင် ပိုပြီး တော့ အဆင်ပြေပါတယ်’’ဟု ၎င်း က ပြောသည်။

ITPEC စာမေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကကြီးမှူး၍ ဧပြီ ၂၃ ရက်တွင် ရန်ကုန်၊မန္တလေး၊ မကွေးနှင့် မိတ္ထီလာတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ဖြေဆိုသူ ၄၂၀ ဦး ရှိခဲ့သည်။

ရှစ်နိုင်ငံအသိအမှတ်ပြု အိုင်တီကျွမ်းကျင်မှုစံနှုန်းစာမေးပွဲ၌ ကလေးငယ်တစ်ဦးဝင်ရောက်ဖြေဆို ရှစ်နိုင်ငံအသိအမှတ်ပြု အိုင်တီကျွမ်းကျင်မှုစံနှုန်းစာမေးပွဲ၌ ကလေးငယ်တစ်ဦးဝင်ရောက်ဖြေဆို Reviewed by The Collector on Tuesday, April 25, 2017 Rating: 5

No comments