မှတ်ပုံမတင်ထားသည့် ဆင်းမ်ကတ်များ ဇူလိုင် ၁ ရက်တွင် လိုင်းအပြီးပိတ်သိမ်းမည်


ဆင်းမ်ကတ်မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းမ် ကတ်များကို အပြီးအပိုင်လိုင်း ပိတ်သိမ်းမည်ဖြစ်ကြောင်း ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေးကြေညာခဲ့သည်။

 မိုဘိုင်းဆင်းမ်ကတ်များကို မတ်လ ၃၁ ရက်နောက်ဆုံးထား ၍ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင် ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်သိမ်း မည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပထမအကြိမ်အသိပေးကြေညာခဲ့သည်။


ဧပြီ ၁ ရက်ကစတင်၍ ယာ ယီလိုင်းပိတ်သိမ်းခံရသည့် ဆင်းမ် ကတ်များကို မှတ်ပုံတင်ရန်ပြန် လည်ခွင့်ပြုခဲ့သော်လည်း ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ခြင်း မရှိပါက အပြီးအပိုင်လိုင်းပိတ် သိမ်းမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၂ ရက်တွင် ထပ်မံသတိပေးကြေညာခြင်း ဖြစ်သည်။

ဧပြီ ၃၀ ရက်နောက်ပိုင်း မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းမ် ကတ်အရေအတွက် ကိုးသန်းခန့် ကို ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာန ညွှန်ကြားချက်အရ ဆက် သွယ်ရေး အော်ပရေတာသုံးခုကယာယီပိတ်သိမ်းခဲ့ရသည်။ မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၄ ဒသမ ၀၉ သန်း၊ တယ်လီနောမှ ၃ ဒသမ ၈၆ သန်းနှင့် အူရီးဒူးမှ တစ်သန်းခန့်ကို လိုင်းပိတ်သိမ်းခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်း ဆင်းမ်ကတ်များကို မှတ်ပုံတင် ပြီးမှသာ တစ်ပြိုင်တည်း ရောင်းချ ပေးခြင်းဖြစ်သော်လည်း  မိုဘိုင်း ဆင်းမ်ကတ်များကို ၁,၅၀၀ ကျပ် ဖြင့် စတင်ပြိုင်ဆိုင်ရောင်းချ သည့် ၂၀၁၅ ၀န်းကျင်က ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းမရှိဘဲ လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ခဲ့သည်။

ဆင်းမ်ကတ်များမှတ်ပုံတင်ခြင်းသည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်ကို အော်ပရေတာအနေဖြင့် အစိုးရလိုအပ်ချက်အရ ထိန်းသိမ်းခြင်းဖြစ်သော်လည်း ဖုန်းမှတစ်ဆင့် ဆောင်ရွက်နိုင်သည့် ငွေကြေးဝန်ဆောင်မှုများကို လုံခြုံစွာဆောင်ရွက်နိုင်ခြင်း၊ ဆင်းမ်ကတ်ပျောက်ဆုံးခြင်းနှင့် ၀န်ဆောင်မှုကိစ္စရပ်အသီးသီး၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို အသုံးပြုသူများ ရရှိနိုင်မည်ဖြစ်ကြောင်း အော်ပရေတာများက သတင်းထုတ်ပြန်ထားသည်။

မှတ်ပုံမတင်ထားသည့် ဆင်းမ်ကတ်များ ဇူလိုင် ၁ ရက်တွင် လိုင်းအပြီးပိတ်သိမ်းမည် မှတ်ပုံမတင်ထားသည့် ဆင်းမ်ကတ်များ ဇူလိုင် ၁ ရက်တွင် လိုင်းအပြီးပိတ်သိမ်းမည် Reviewed by The Collector on Saturday, June 24, 2017 Rating: 5

No comments