ကြိုတင်ငွေဖြည့် စနစ်ကို Oway Ride မိတ်ဆက်


မိုဘိုင်းအက်ပလီကေးရှင်းဖြင့် တက္ကစီငှားရမ်းမှုသည် ယခုလပိုင်းအတွင်း တွင်ကျယ်လာသည်။(ဓာတ်ပုံ − စိုင်းဇော်)

 မိုဘိုင်းအက်ပလီကေး ရှင်းဖြင့် တက္ကစီငှားရမ်းခြင်းဝန် ဆောင်မှုကို လုပ်ကိုင်နေသည့် Oway Ride သည်ငွေပေးချမှုအ တွက် ကြိုတင်ငွေဖြည့်ခြင်း ဝန် ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ သည်။

Consumer Top Up အမည်ရှိ ဝန်ဆောင်မှုသစ်ကို Oway Ride က ဇွန်လ ဒုတိယပတ်အတွင်း စ တင်မိတ်ဆက်ခဲ့ပြီး အကောင့် တစ်ခုခြင်းစီအတွက် ကြိုတင်ငွေ ဖြည့်သွင်းခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့ရှိဈေးဝယ်စင်တာများ ၌ ဖွင့်လှစ်ထားသည့် Oway Ride ဝန်ဆောင်မှုကောင်တာများတွင် ခွင့်ပြုပေးခဲ့သည်။


တက္ကစီကို အက်ပလီကေး ရှင်းဖြင့် ငှားရမ်းစီးနင်းသူများအ နေဖြင့် ငွေသားကိုင်ဆောင်ရန်မ လိုအပ်ဘဲ အကောင့်အတွင်းရှိငွေ သားဖြင့် ပေးချေနိုင်သည့် Oway Ride အနေဖြင့်စတင်မိတ်ဆက် ခဲ့သော်လည်း ကြိုတင်ငွေပေး၍ စီးနင်းရသည်ကို ကြိုက်နှစ်သက်မှု မရှိကြောင်း မိုဘိုင်းအက်ပလီ ကေးရှင်းဖြင့် တက္ကစီငှားရမ်းစီး နင်းသူ မနန်းညီကပြောသည်။

‘‘တက္ကစီ စီးနင်းသူတွေအ နေနဲ့ ကားခဈေးဆစ်ရတာ၊ ငွေ သားကိုင်ရတာကို မနှစ်သက်ဘူး ဆိုတာ ကျွန်တော်တို့သိရှိနားလည်ပါတယ်။ ဒါကြောင့် ဒီဝန်ဆောင်မှုကို စလုပ်ရတာပါ’’ ဟု Oway Ride ၏ အကြီးတန်းဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောသည်။

တက္ကစီ စီးနင်းခြင်းအတွက် ကြိုတင်ငွေဖြည့်သွင်းခြင်းကို တစ် သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဖြည့်သွင်းထားနိုင်ကြောင်း၊ အက်ပလီကေးရှင်းဖြင့် တက္ကစီ   ငှားရမ်းစီးနင်းခြင်းသည် ခရီးစဉ် လမ်းကြောင်းကို စောင့်ကြည့်နိုင် သည့်အတွက် လုံခြုံမှုပိုမိုရရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

‘‘Oway ကအခုထိအဆင် ပြေတဲ့ အက်ပလီကေးရှင်းမဟုတ် သေးတော့ ကြိုတင်ငွေထည့်စီးဖို့ ဆိုတာ မဖြစ်နိုင်သေးဘူးလေ။ ပုံ မှန်ငှားတာတောင် လာနေတာ မ ဟုတ်သေးဘူး’’ ဟု Oway Ride ဖြင့် ကားငှားရမ်းခဲ့သူ မယူရီကိုက ပြောသည်။

မိုဘိုင်းအက်ပလီကေးရှင်း ဖြင့် တက္ကစီငှားရမ်းခြင်းဝန် ဆောင်မှုကို Oway Ride နှင့် Hello Cabs အပြင် ၂၀၁၇ ဧပြီအ တွင်း Uber နှင့် Grab တို့ဝင် ရောက်လာသည့်နောက်ပိုင်း ဈေး ကွက်ပြိုင်ဆိုင်မှုအားကောင်းလာ ခဲ့သည်။ လက်ရှိအချိန်တွင် Oway Ride အငှားကားရေ သုံးထောင် ခန့်ရှိသည်ဟု သိရသည်။

ကြိုတင်ငွေဖြည့် စနစ်ကို Oway Ride မိတ်ဆက် ကြိုတင်ငွေဖြည့် စနစ်ကို Oway Ride မိတ်ဆက် Reviewed by The Collector on Tuesday, June 20, 2017 Rating: 5

No comments