မီးလောင်မှုနှင့် မှုခင်းအခြေအနေများကို အရေးပေါ် သတင်းပေးပို့မည့် App တစ်ခု ဖန်တီးမည်


ဓာတ်ပုံ−ဦးဥက္ကာကျော်

 မန္တလေးတိုင်း၌ မီး လောင်မှုနှင့် မှုခင်းဖြစ်ပွားမှုများ အပါအဝင် အရေးပေါ်အခြေအ နေများဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အ လက်များ သိရှိစေရန် iRoute အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုထုတ်လုပ်မည်ဖြစ်သည်။

အဆိုပါမိုဘိုင်း App သည် မန္တလေးတိုင်းအတွင်း မီးလောင် မှုနှင့် မှုခင်းဖြစ်စဉ်များ ပေါ်ပေါက် ခဲ့ပါက သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ်အကြောင်းကြားနိုင် စေရန် မီးသတ်စခန်းများ၊ ရဲစခန်း များ၏ တည်နေရာများနှင့် ဆက် သွယ်ရန် လိပ်စာများကို မြေပုံနှင့် တကွ ပြသထားကြောင်းမန္တလေး  တိုင်း ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဥက္ကာကျော်ကပြော သည်။ ထို့အပြင် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများဖြစ်ပွား ပါက ဆက်သွယ်နိုင်ရန်ဆေးရုံ ဆေးခန်းများနှင့် ပရဟိတအ သင်းအဖွဲ့များ၏ လိပ်စာများကို ပါ ထည့်သွင်းပေးထားကြောင်း ၎င်းကပြောသည်။


မန္တလေးတိုင်းအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုနှင့်ကွန်ပျူတာ ပညာ ရှင်အသင်း၊ လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး မန္တလေးတိုင်းအတွင်းက ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၏ အလုပ်သင် သင်တန်းပရောဂျက်ကို အခြေခံပြီး ယင်း App ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအက်ပလီကေးရှင်း သည် အဆင်သင့်ဖြစ်နေပြီး အ ချက် အလက်များ ထည့်သွင်းသည့် အပိုင်းသာ ကျန်တော့ကြောင်း မန္တလေးတိုင်း ကွန်ပျူတာလုပ် ငန်းရှင်အသင်း အလုပ်အမှု ဆောင် ဦးရဲရင့်အောင်က ပြော သည်။ ‘‘အရေးပေါ်တစ်ခုခု ဖြစ် လာပြီဆိုရင် ဒီ App ကို ဖွင့်လိုက် တာနဲ့ ဆေးရုံ၊ ဆေးခန်းတွေ၊ မီး သတ်စခန်းတွေ၊ ပရဟိတအသင်း တွေက အကုန်လုံးမြေပုံမှာပြပေး မယ်။ ကိုယ်နဲ့အနီးဆုံးထင်တဲ့ဟာ ကို ထောက်လိုက်တာနဲ့ သူ့ရဲ့အ သေးစိတ် အချက်လက်တွေကို ပြ ပေးသွားမှာဖြစ်ပါတယ်’’ ဟု ၎င်း ကပြောသည်။

iRoute မိုဘိုင်း App အား ရေးဆွဲခြင်းအတွက် မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့် မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တို့မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးကို ရွေးချယ်ကာ လုပ်ငန်းခွင် အတွေ့အကြုံ ရရှိစေရန် နှစ်လခွဲကြာ သင်တန်းပို့ချခဲ့သည်။

အဆိုပါ App လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းပြီးပါက မိုဘိုင်းဖုန်းအ သုံးပြုသူများ အခမဲ့ရယူနိုင်စေရန် Google Play Store နှင့် Apple App Store တို့တွင် တင်ပေးမည် ဖြစ်သည်။

မီးလောင်မှုနှင့် မှုခင်းအခြေအနေများကို အရေးပေါ် သတင်းပေးပို့မည့် App တစ်ခု ဖန်တီးမည် မီးလောင်မှုနှင့် မှုခင်းအခြေအနေများကို အရေးပေါ် သတင်းပေးပို့မည့် App တစ်ခု ဖန်တီးမည် Reviewed by The Collector on Tuesday, August 15, 2017 Rating: 5

No comments