ဆင်းမ်ကတ် ကိုယ်စားမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်ထုတ်ပြန်မည်


မိုဘိုင်းဖုန်းဆင်းမ်ကတ် မှတ်ပုံတင်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

 မိုဘိုင်းဖုန်းဆင်းမ်ကတ် အများအပြား တစ်ဦးတည်း မှတ် ပုံတင်ထားခြင်းများနှင့်ပတ်သက် ၍ တာဝန်ယူဖြေရှင်းရန်လိုအပ် ကြောင်း ညွှန်ကြားချက်အသစ် ထုတ်ပြန်ရန်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေကပြောသည်။

 ‘‘တစ်ဦးတည်းနဲ့ ဆင်းမ် ကတ် ၁၀ ကတ်ကို မှတ်ပုံတင် ထားရင် ၁၀ ကတ်လုံးကို သူတာ ၀န်ယူရမယ်’’ဟု ဦးမျိုးဆွေက ပြောသည်။ လက်ရှိအချိန်တွင် အ သုံးပြုနေသည့် မိုဘိုင်းဖုန်းဆင်းမ် ကတ်များသည် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း အချို့သော ဆင်းမ်ကတ်များသည် အသုံးပြု သူနှင့် မှတ်ပုံတင်အမည်စာရင်း ကိုက်ညီမှုမရှိပေ။


ဆင်းမ်ကတ်ရောင်းချသည့် အချို့သော မိုဘိုင်းဖုန်းဆိုင်များ သည် လက်ရှိအချိန်ထိ မှတ်ပုံ တင်ပြီးသား ဆင်းမ်ကတ်များကို သာ ရောင်းချပေးနေကြောင်း ဇူလိုင်အတွင်း အူရီးဒူးဆင်းမ် ကတ်အသစ်ကို ၀ယ်ယူအသုံးပြုခဲ့ သူ ဦးမင်းမင်းက ပြောသည်။

 ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန  ညွှန်ကြားချက်အရ ဆင်းမ်ကတ် ၀ယ်ယူအသုံးပြု သည့် လုပ်ငန်းစဉ်ကို အသုံးပြုသူ မှတ်ပုံတင်ဖြင့် စာရင်းပေးသွင်း ပြီးမှသာ ရောင်းချရမည်ဖြစ်သော် လည်း အော်ပရေတာများ၏ ဖြန့် ချိဈေးကွက်အရ ဆင်းမ်ကတ် သက်တမ်းများအပေါ် မူတည်၍ ကြိုတင်မှတ်ပုံတင်ခြင်းလုပ်ငန်း စဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆင်းမ်ကတ်ဖြန့်ချိသူတစ်ဦးက ပြောသည်။

 ‘‘တချို့က မှတ်ပုံတင်ပါမ လာဘူး’’ဟု လှိုင်သာယာရှိ ဆင်းမ်ကတ်ရောင်းချသော ဟန်း ဆက်အရောင်းဆိုင်ဝန်ထမ်းအ မျိုးသမီးက ပြောသည်။ ဆင်းမ် ကတ်များကို ကိုယ်စားမှတ်ပုံတင် ခြင်းနှင့်ပတ်သက်၍ တာဝန်ယူရန် ညွှန်ကြားချက်ထုတ်ပြန်သည့်အ ခါ မိမိနာမည်ဖြင့် ကိုယ်စားမှတ်ပုံ တင်ထားသည့် မိုဘိုင်းဖုန်းနံပါတ် များကို လိုင်းပိတ်ပေးရန် တောင်း ဆိုခြင်း၊ အမည်မှန်ဖြင့် ပြန်လည် မှတ်ပုံတင်ရန် ဆက်သွယ်ဆောင် ရွက်ခြင်းတို့ ပြန်လည်လုပ်ဆောင်ရမည်ဟု ဦးမျိုးဆွေက ပြောသည်။

ဇွန်လကုန်၌ မှတ်ပုံမတင် ထားသည့် ဆင်းမ်ကတ်များကို အပြီးအပိုင်ပိတ်သိမ်းခဲ့ကြောင်း၊ လိုင်းပိတ်သိမ်းခဲ့သည့်အရေအ တွက်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အူရီးဒူးက ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ပြီးဖြစ်သော်လည်း တယ်လီ နောက ပေးပို့နိုင်ခြင်းမရှိသေးကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဆင်းမ်ကတ် ကိုယ်စားမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်ထုတ်ပြန်မည် ဆင်းမ်ကတ် ကိုယ်စားမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်ထုတ်ပြန်မည် Reviewed by The Collector on Monday, August 07, 2017 Rating: 5

No comments