ကျန်းမာရေးဗဟုသုတနှင့် သတင်းများ လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်တစ်ခုမိတ်ဆက်


ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် သတင်းများ ဖတ်ရှုနိုင်မည့် Dr Myanmar အ မည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို စတင် မိတ်ဆက်လိုက်ကြောင်း သတင်းရရှိသည်။

Dr Myanmar ဝက်ဘ်ဆိုက် စာမျက်နှာကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီး အထူးကုဆရာဝန် ကြီးများထိုင်သည့် ဆေးရုံ၊ ဆေးခန်းများ၊ လိပ်စာများ၊ အရေးပေါ် ဖုန်းနံပါတ်များ၊ ဆေးခန်းများတွင် ရရှိသည့် ဝန်ဆောင်မှုများနှင့် ကျန်းမာရေးသတင်းများကို ဖော်ပြထားကြောင်း ယင်းဝက်ဘ် ဆိုက်လွှင့်တင်သည့် နေလရောင် မီဒီယာက သတင်းထုတ်ပြန်သည်။

‘‘ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတရရှိစေဖို့ပါ။ ဒီဝက်ဘ် ဆိုက်ကနေ ကျန်းမာရေးဆိုင်ရာ သိချင်တာတွေကို လမ်းညွှန်သ ဖွယ် လွယ်ကူစွာ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါ တယ်။ နောက်ပြီး ကျွမ်းကျင်ဆရာ ဝန်တွေနဲ့ ဖွဲ့စည်ထားတာကြောင့် မှန်ကန်တဲ့သတင်းတွေကို နေ့စဉ်ဖတ်ရှုနိုင်မှာပါ’’ဟု နေလရောင် မီဒီယာဂရု(ပ) အယ်ဒီတာ ကိုပြည့် ဖြိုးက ပြောသည်။


ပြည်ပနိုင်ငံများရှိ ဆေးရုံများနှင့် ချိတ်ဆက်ထားသော ပြည် တွင်းစင်တာများကိုလည်း လမ်း ညွှန်ပေးထားပြီး အရေးပေါ်ဆက် သွယ်ရမည့် ဖုန်းနံပါတ်များစာ ရင်း၊ လူနာတင်ယာဉ်ခေါ်ဆိုနိုင် သော နေရာများ၊ ၂၄ နာရီ ကုသ မှုပေးသော ဆေးရုံ၊ ဆေးခန်းများ၊ သွေးအလှူရှင်အဖွဲ့အစည်းတို့၏ လိပ်စာများကိုလည်း ဖော်ပြထား သည်။

 ထို့အပြင် ဝက်ဘ်ဆိုက်ဝင် ရောက်ကြည့်ရှုသူများအနေဖြင့် ကိုယ်အလေးချိန်နှင့် အရပ်အမြင့် ကို ရိုက်ထည့်ကာ Body Mass Index ကို တွက်ချက်နိုင်ပြီး ကိုယ် ဝန်ဆောင် မိခင်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ရေးသားထားသည်။

အထက်ပါဝက်ဘ်ဆိုက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ဧပြီ ၂၇ ရက်၌ တရားဝင်မိတ်ဆက်ကာ လက်ရှိတွင် drmyanmar.com ဖေ့စ်ဘွတ်ခ်စာမျက်နှာမှလည်း သတင်းများကို လွှင့်တင်နေ ကြောင်း သိရသည်။

ကျန်းမာရေးဗဟုသုတနှင့် သတင်းများ လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်တစ်ခုမိတ်ဆက် ကျန်းမာရေးဗဟုသုတနှင့် သတင်းများ လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်တစ်ခုမိတ်ဆက် Reviewed by The Collector on Friday, April 29, 2016 Rating: 5

No comments