ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးမည့် Telenor Accelerate အစီအစဉ်စတင်


နည်းပညာဆိုင်ရာစီး ပွားရေးလုပ်ငန်း (Startup) ကုမ္ပဏီများအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် အမေရိကန်ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးမည့် Telenor Accelerate အစီအစဉ်ကို စတင်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အထက် ပါအစီအစဉ်ကို စတင်ခြင်းဖြစ်ပြီး လျှောက်လွှာတင်သည့် ကုမ္ပဏီ များမှ နှစ်ခုကို ရွေးချယ်မည်ဟု တယ်လီနောမြန်မာက သတင်း ထုတ်ပြန်သည်။

 လျှောက်လွှာတင်မည့် ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွား ရေးအိုင်ဒီယာသစ်များကို တင်ပြ ရန်လိုအပ်ပြီး ဧပြီ ၂၀ ရက် နောက် ဆုံးထား၍ http://ift.tt/1cVUBEG တွင် လျှောက်ထားရမည်ဖြစ်ကာ ရွေးချယ်ခံရသည့် အဖွဲ့နှစ်ခုကို ဧပြီ ၂၅ ရက်၌ ထုတ်ပြန်ကြေညာ မည် ဖြစ်သည်။


 ‘‘ စီးပွားရေးလုပ်ငန်းသစ် တွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ  ပါဝင်ပတ်သက်သူတွေနဲ့အတူ မြန်မာပြည်ရဲ့ ဒစ်ဂျစ်တယ်အ သိုက်အ၀န်းကို အတူတကွလက် တွဲ တည်ဆောက်နိုင်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကိုဖွံ့ဖြိုး စေနိုင်တဲ့ ဒီလိုအစီအစဉ်မျိုးကို နှစ်စဉ်ကျင်းပနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်’’ဟု တယ်လီ နောမြန်မာ၏ ဈေးကွက်ဆိုင်ရာ အရာရှိချုပ် မစ္စတာ Joslin E Myr-thong က ပြောသည်။

ရွေးချယ်ခံရသည့် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့နှစ်ခုသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ လေးလကြာသင်တန်းအစီအစဉ်၊ Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ က လမ်းညွှန်နည်းပြပေးခြင်းနှင့် ဒေသတွင်းနိုင်ငံများမှ Startup စွန့်ဦးတီထွင်သူများ၏ အတွေ့အကြုံ များကို လေ့လာနိုင်မည် ဖြစ်သည်။ယင်းအစီအစဉ်ကို ထိုင်း နိုင်ငံမှ Dtac ၊ မလေးရှားနိုင်ငံမှ Digi စသည့် တယ်လီနော၏ မိတ် ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မေလ ၄ ရက်မှ စတင်ကာ အခမဲ့သင်တန်းတက် ရောက်ခွင့်ရရှိမည် ဖြစ်သည်။

ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးမည့် Telenor Accelerate အစီအစဉ်စတင် ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးမည့် Telenor Accelerate အစီအစဉ်စတင် Reviewed by The Collector on Saturday, April 02, 2016 Rating: 5

No comments