Samsung Galaxy On 7 စမတ်ဖုန်း အွန်လိုင်းမှ ရောင်းချမည်


Samsung ၏ တန်ဖိုး သင့် စမတ်ဖုန်းတစ်လုံးဖြစ်သော Galaxy On 7 ကို ၎င်းတို့၏တရား ၀င်အွန်လိုင်း စတိုးဖြစ်သည့် www.s-estoremyanmar. com က ကြိုတင်မှာယူစနစ်ဖြင့် ရောင်း ချပေးမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းသို့ အိမ်အရောက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း Samsung မြန်မာ က သတင်းထုတ်ပြန်ထားသည်။

Galaxy On 7 ကို ကြိုတင် မှာယူစနစ်ဖြင့် ၀ယ်ယူသူများ သည် အိမ်အရောက်ပို့ဆောင်ပေး မည့် ၀န်ဆောင်မှုရရှိမည့်အပြင် ပြည်တွင်းရှိ ဖုန်းအရောင်းဆိုင် များအားလုံး၌ မရောင်းချသေးမီ ဦးစွာ အသုံးပြုခွင့်ရရှိမည်ဖြစ် သည်။

Galaxy On စမတ်ဖုန်းတွင် ၅ ဒသမ ၅ လက်မ HD မျက်နှာ ပြင်တပ်ဆင်ထားပြီး 1.2 Quad Core CPU နှင့် RAM 1.5 GB တို့ကို ပေါင်းစပ်ထားသော Android Version 5.1 (Lollipop)ကို ထည့်သွင်းထားသည်။


ဖုန်းတွင်း မှတ်ဉာဏ်အနေ ဖြင့် 8GB ပါဝင်မည်ဖြစ်ပြီး မလုံ လောက်ပါက Micro SD ကတ် ဖြင့် 128GB အထိ ထပ်မံတိုးချဲ့ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

ကင်မရာပိုင်းအနေဖြင့် f2.1 ရှိသော 13MP ကျောဘက်ကင်မ ရာတပ်ဆင်ထားပြီး ရှေ့ဘက် တွင် Selfie ရိုက်ကူးခြင်း နှစ်သက် သူများအတွက် ကောင်းမွန်သည့် ပုံရိပ်များ ရိုက်ကူးနိုင်သည်။

ဆင်းမ်ကတ်နှစ်ခုထည့်သွင်း အသုံးပြုနိုင်ပြီး 3000 mAh ရှိ သော ဘက်ထရီတပ်ဆင်ထား သည့်အတွက် ဖုန်းပြောရုံအသုံးပြု မည်ဆိုပါက ၂၁ နာရီအထိ ဆက် တိုက်အသုံးပြုနိုင်သည်။

Galaxy On 7 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ကျပ် ၂၂၅,၀၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး ဧပြီ ၂၅ ရက်မှ မေလ ၁ ရက်အတွင်း ကြိုတင်မှာယူနိုင်ကာ မေလ ၃ ရက်မှ ၅ ရက်အတွင်း နိုင်ငံတစ်ဝန်းသို့ အိမ်အရောက် ပို့ဆောင်မည်ဖြစ်ကြောင်း Samsung မြန်မာက ပြောသည်။

Samsung Galaxy On 7 စမတ်ဖုန်း အွန်လိုင်းမှ ရောင်းချမည် Samsung Galaxy On 7 စမတ်ဖုန်း အွန်လိုင်းမှ ရောင်းချမည် Reviewed by The Collector on Saturday, April 23, 2016 Rating: 5

No comments