လူတစ်ဦးလျှင် 3GB ခန့် လစဉ်မိုဘိုင်းအင်တာနက် အသုံးပြု


အွန်လိုင်းမှ ဗီဒီယိုကြည့်ရှုနေစဉ်(ဓာတ်ပုံ−နစ်ကီ)

 တယ်လီကွန်ဈေးကွက် သည် မိုဘိုင်းအင်တာနက်ကို အ သားပေးသည့် ဈေးကွက်ဖြစ်လာ ပြီး လူတစ်ဦးအနေဖြင့် မိုဘိုင်း အင်တာနက်ကို လစဉ် 3GB ခန့်

အသုံးပြုလာသည်ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Mr.Joslin က ပြောသည်။

တယ်လီနောမြန်မာဆင်းမ် ကတ်အသုံးပြုသူ ၁၉ သန်းရှိ သည့်အနက် ၆၄ ရာခိုင်နှုန်းသည် မိုဘိုင်းအင်တာနက်ကို ပုံမှန်အသုံးပြုနေကြောင်း၊ အင်တာနက်အ သုံးပြုသူများသည် လစဉ်ပုံမှန်အ နေဖြင့် အင်တာနက် 3GBပမာဏကို အသုံးပြုလေ့ရှိကြောင်း အော်ပရေတာစစ်တမ်းအရ သိရသည်။


သာမန်အားဖြင့် မြို့ကြီးများ တွင် မိုဘိုင်းအင်တာနက်စနစ်ကို ပိုမိုအသုံးပြုခြင်းဖြစ်သော်လည်း ယခုအခါ ကျေးလက်ဒေသများ ၌ပါ မိုဘိုင်းအင်တာနက်ကို ပိုမိုအသုံးပြုလာကြောင်း Mr.Joslin က ပြောသည်။ ဥပမာအနေဖြင့် ရှမ်းပြည်နယ်တွင် မိုဘိုင်းအင်တာနက်ကို လူတစ်ဦးလျှင် လစဉ် 1GBခန့် အသုံးပြုနေပြီး အသံခေါ်ဆိုမှုကို လစဉ်မိနစ် ၁၀၀ ခန့်အသုံးပြုလေ့ရှိသည်ဟု တယ်လီနောမြန်မာမှ စုံစမ်းသိရသည်။

 ဆက်သွယ်ရေးအော်ပရေ တာတစ်ခုဖြစ်သည့် အူရီးဒူး၌ ၂၀၁၆ ဒုတိယသုံးလပတ်အတွင်း အသံခေါ်ဆိုမှု မိနစ် ၃ ဒသမ ၆ ဘီလီယံရရှိကြောင်း ၂၀၁၅၊ နှစ်လယ်ပိုင်း သုံးလကြာကာလ အတွင်း မိုဘိုင်းအင်တာနက်အ သုံးပြုမှု 4000TB(Terabyte) ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုဘိုင်းဖုန်းမှတစ်ဆင့် အသံ ခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြု မှုသည် တစ်နှစ်အတွင်း ဆယ်ဆ ခန့် မြင့်တက်လာကြောင်း၊ ၂၀၁၅၌ သုံးလအတွင်း အသုံးပြုသူ ငါးသန်းက မိနစ်ဘီလီယံ နှစ်ထောင်ကို အသံခေါ်ဆိုခဲ့ကြောင်း အူရီးဒူးစီအီးအို Mr.Rene Meza က ပြောကြားဖူးသည်။

ဆယ်သွယ်ရေးအော်ပရေ တာတယ်လီနောသည် ပုံမှန်မို ဘိုင်းအင်တာနက်ဝန်ဆောင်ခကို 1MB လျှင် ရှစ်ကျပ်ကောက်ခံသဖြင့်  တစ်လလျှင် 3GB အတွက် မိုဘိုင်း အင်တာနက်အသုံးပြုခ ကျပ်နှစ်သောင်းကျော်ဖြစ်သည်။ အလားတူကျေးလက်ဒေသများ၌ မိုဘိုင်းဖုန်းဖြင့် အသံခေါ်ဆိုမှု အတွက် တစ်လလျှင် ၂,၅၀၀ ကျပ်(ပုံမှန်ဈေးနှုန်းဖြင့် တွက်ချက်ခြင်း) အသုံးပြုနေခြင်း ဖြစ်သည်။

လူတစ်ဦးလျှင် 3GB ခန့် လစဉ်မိုဘိုင်းအင်တာနက် အသုံးပြု လူတစ်ဦးလျှင် 3GB ခန့် လစဉ်မိုဘိုင်းအင်တာနက် အသုံးပြု Reviewed by The Collector on Friday, May 26, 2017 Rating: 5

No comments