WannaCry အမည်ဖြင့် Cyber တိုက်ခိုက်မှုတစ်ခုနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်


Simon Dawson/Bloomberg

WannaCry တိုက်ခိုက် မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံကွန် ပျူတာပညာရှင်အသင်းသည် မေ လ ၁၅ရက်က အသိပေးအကြံပြု ချက်ထုတ်ပြန်ပြီး ထုတ်ပြန်ချက်၌ WannaCry သည်တစ်ကမ္ဘာလုံးအတိုင်းအတာသို့  ပျံ့နှံ့လျက်ရှိ ကြောင်း Windows (OS) အသုံးပြု သည့် ကွန်ပျူတာများကို encrypt ပြုလုပ်၍ဖိုင်များကို ကြည့်ရှုခွင့် မပေးတော့ကြောင်းနှင့် ဖိုင်များ ပြန် လည်ကြည့်ရှုလိုပါက ငွေသွင်း ရမည်ဟူသော အကျပ်ကိုင်မှုများ ဖြစ်ပေါ်နေကြောင်း  ဖော်ပြထား သည်။

WannaCry သည် Ransomware အမျိုးအစားဖြစ်ပြီး Worm အမျိုးအစားကဲ့သို့ပင်အ သုံးပြုသူလုပ်ဆောင်ချက်မပါဝင် ဘဲ ၎င်းကိုယ်တိုင် ပျံ့နှံ့မှုရှိနိုင်သ ဖြင့် ကြိုတင်ကာကွယ်မှုအနေဖြင့် Patch Update ပြုလုပ်ခြင်း၊ Backup ပြုလုပ်ခြင်း၊ Tcp Port 445 ကို Block ထားခြင်း၊ SMB 1 service ကို Desable ပြုလုပ်ခြင်း တို့ လုပ်ဆောင်ထားသင့်ကြောင်း Myanmar Computer Emergency  Response  Team (mmcert) က    ကြေညာထား သည်။


WannaCry ၏တိုက်ခိုက်မှု ကာကွယ်ရန် Microsoft သည် သက်တမ်းကုန်လွန်ပြီးဖြစ်သည့် OS အသုံးပြုသူများကို ကာကွယ် မှုပေးနိုင်ရန် update တစ်ခု ထုတ် လွှင့်ထားကြောင်း၊ အသုံးပြု သူ များအနေဖြင့် ကိုယ်ပိုင်ကြိုတင် ကာကွယ်မှုများ ပြုလုပ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းက အကြံပြုကြေညာ သည်။

WannaCry သည် မေလ ၁၂ ရက်၌ နိုင်ငံ ၁၀၀ကျော်ရှိစက် ပေါင်း ၂၀၀,၀၀၀ကျော်ကို ထိ ခိုက်စေခဲ့ပြီး လက်ရှိ၌ ထိန်းချုပ်ရန်  ခက်ခဲနေကြောင်း၊ Windows XP မှ Windows 8.1 အထိအသုံးပြုသည့် ကွန်ပျူတာ များသည် အားနည်းချက်ရှိသော စက်များဖြစ်ပြီး Windows 10 ၌ အားနည်းချက်မတွေ့ရကြောင်း ၊Microsoft  အနေဖြင့်  မတ်လ ၁၄ ရက်တွင် Update ထုတ်ပြန် ပေးခဲ့သော်လည်း လိုက်နာမှု  နည်းပါးနေသည်ကို တွေ့ရှိရကြောင်း mmcert ကကြေညာထားသည်။

‘‘အရမ်းကြောက်ဖို့ကောင်း တယ်။ အခုဒီနိုင်ငံမှာတော့မကြား မိသေးဘူး။ နိုင်ငံခြားမှာ စက်ထဲကဖိုင်တွေတစ်ခုမှ ကြည့်မရတော့ ဘူးတဲ့။ ကြည့်ချင်ရင်ဒေါ်လာ သုံး ထောင်လွှဲလိုက်။ အဲဒါမှရတယ် ဆိုပြီး ဖြစ်နေတယ်’’ဟု ပြည်ပ နိုင်ငံများနှင့် အဆက်အသွယ်ရှိသူ ကွန်ပျူတာပညာရှင်တစ်ဦးက ပြောသည်။

WannaCry တိုက်ခိုက်မှုနှင့် ပတ်သက်၍ လက်ရှိ၌ အကောင်း ဆုံးသော နည်းလမ်းသည် Recover ပြုလုပ်ခြင်းသာဖြစ်ကြောင်း mmcert ကအကြံပြုထားသည်။

WannaCry အမည်ဖြင့် Cyber တိုက်ခိုက်မှုတစ်ခုနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန် WannaCry အမည်ဖြင့် Cyber တိုက်ခိုက်မှုတစ်ခုနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန် Reviewed by The Collector on Thursday, May 18, 2017 Rating: 5

No comments