တယ်လီနောက ရှမ်းပြည်နယ်တွင် 4G ကွန်ရက်မိတ်ဆက်မည်


မိုဘိုင်းတာဝါတိုင်တစ်ခု စိုက်ထူထားစဉ် (ဓာတ်ပုံ − မြင့်ကျော်လှိုင်)

ဆက်သွယ်ရေးအော် ပရေတာ တယ်လီနောသည် တောင်ကြီးမြို့အပါဝင် ရှမ်းပြည်နယ်ကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်နေကြောင်း  အော်ပရေတာ ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။

ရှမ်းပြည်နယ်ရှိ မြို့နယ် ၄၀ ကျော်အနက် ၃၈ မြို့နယ်တွင် မို ဘိုင်းကွန်ရက် လွှမ်းခြုံထားနိုင်၍ အဆိုပါကွန်ရက်ပေါ်၌ 4G နည်း ပညာကို မကြာမီကာလတွင် အသုံးပြုခွင့်ပေးမည်ဟု ကိုအဲလက်စ်က ပြောသည်။

တယ်လီနော၏ စာရင်း ဇယားများအရ ရှမ်းပြည်နယ်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၁ ဒသမ ၁ သန်းရှိ၍ မိုဘိုင်းအင်တာနက်ကို ၆၄ ရာခိုင်နှုန်း ပုံမှန်အသုံးပြုနေ ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်ရှိ မိုဘိုင်းအင်တာနက်အသုံးပြုသူ များသည် တစ်လလျှင် ပျမ်းမျှ 1GB ပမာဏကို အသုံးပြုခဲ့ပြီး အသံခေါ်ဆိုမှုကို တစ်လလျှင် မိနစ် ၁၀၀ ကျော် အသုံးပြုနေခြင်း ဖြစ်သည်။

ပြည်နယ်အလိုက် သီးသန့် အချက်အလက်များကို အခြား သော ဆက်သွယ်ရေးအော်ပရေ တာများက ထုတ်ပြန်ခဲ့ခြင်းမရှိ သော်လည်း တယ်လီနောသည် ရှမ်းပြည်နယ်၌ လူဦးရေ ၅ ဒသမ ၃၅ သန်းရှိသည့်အနက် လူဦးရေ ၂ ဒသမ ၉ သန်းကို ကွန်ရက်လွှမ်း ခြုံထားနိုင်ခဲ့ကြောင်း မြို့နယ်လေး မြို့နယ်၌ ကွန်ရက်လွှမ်းခြုံနိုင်မှု မရှိခြင်းသည် လုံခြုံရေးအရဖြစ်သော်လည်း အဆိုပါမြို့နယ်များ ကို ကွန်ရက်တိုးချဲ့နိုင်ရန် အစိုးရ အဖွဲ့အပါအဝင် အခြားသော အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံဆွေးနွေးထားကြောင်း ကိုအဲလက်စ်က ပြောသည်။

ရှမ်းပြည်နယ်သည် တောင် ပေါ်နယ်စပ်ဒေသဖြစ်၍ တာချီ လိတ်ကဲ့သို့ နယ်စပ်မြို့၌ အိမ်နီး ချင်းနိုင်ငံမှ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နှင့် ဈေးနှုန်းပြိုင်ဆိုင်နိုင် စေရန် ကွန်ရက်တူ မိုဘိုင်းဖုန်း လိုင်းအချင်းချင်း ဆက်သွယ်ခေါ် ဆိုခကို တစ်မိနစ် ၁၀ ကျပ်ဖြင့် တယ်လီနောက သတ်မှတ်ပေးခဲ့ သည်။ မိုဘိုင်းဆက်သွယ်ရေးအော် ပရေတာ သုံးခုစလုံး၏ ကွန်ရက် သည် လက်ရှိ၌ 3G အနေဖြင့် လူနေထူထပ်ရာ နေရာတိုင်းကို ဖြန့်ကြက်ထားနိုင်ခဲ့သော်လည်း ကျေးလက်ဒေသများနှင့် ချင်းပြည်နယ်ကဲ့သို့ နေရာဒေသများတွင် ကွန်ရက်ဖြန့်ကြက်နိုင်မှု အားနည်းနေသည်။

တယ်လီနောက ရှမ်းပြည်နယ်တွင် 4G ကွန်ရက်မိတ်ဆက်မည် တယ်လီနောက ရှမ်းပြည်နယ်တွင် 4G ကွန်ရက်မိတ်ဆက်မည် Reviewed by The Collector on Sunday, May 28, 2017 Rating: 5

No comments