နည်းပညာလုံလောက်ပါက ဆက်သွယ်ရေးအော်ပရေတာများ 4G ၀န်ဆောင်မှုပေးနိုင်ဟုဆို


ရန်ကုန်မြို့တွင် တည်ဆောက်ထားသော တာဝန်တိုင်တစ်ခု (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဆက်သွယ်ရေးအော်ပ ရေတာများအနေဖြင့် နည်းပညာ လုံလောက်မှုရှိပါက လက်ရှိခွင့်ပြု ထားသည့် Spectrum လှိုင်းနှုန်း ပေါ်တွင် 4G စနစ်ကို အဆင့်မြှင့် တင်၍ ၀န်ဆောင်မှုပေးခွင့်ရှိပြီး ကန့်သတ်ထားခြင်းမရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

‘‘လက်ရှိမှာ အော်ပရေတာ တွေကို 4G တွေဘာတွေ ကန့် သတ်ထားတာမရှိပါဘူး။ ခွင့်ပြု ထားတာထက် နိမ့်တဲ့နည်းပညာ ကိုပဲ လုပ်ခွင့်မရှိတာပါ။ တကယ် လို့သူတို့မှာ နည်းပညာအလုံအ လောက်ရှိရင် လက်ရှိခွင့်ပြုထား တဲ့ Spectrum လှိုင်းနှုန်းနဲ့ 4G တင်မကဘူး၊ အဲဒီထက်မြင့်တဲ့ နည်း ပညာတွေလည်း အဆင့်မြှင့်ပြီး ၀န်ဆောင်မှုပေးခွင့်ရှိပါတယ်’’ဟု ဦးသန်းထွန်းအောင်က ပြောသည်။ ဆက်သွယ်ရေး အော်ပရေ တာများအနေဖြင့် လက်ရှိခွင့်ပြု ထားသည့် Spectrum လှိုင်းနှုန်း ဖြင့် 4G စနစ်ကို အဆင့်မြှင့်တင် ၍ ၀န်ဆောင်မှုပေးနိုင်သကဲ့သို့ ၂၀၁၆ နှစ်ကုန်ပိုင်း၌ လှိုင်းနှုန်းအသစ်ကို ထပ်မံခွင့်ပြုပေးမည်ဖြစ်၍ အဆိုပါလှိုင်းနှုန်းအသစ်ပေါ်တွင် ၀န်ဆောင်မှုအသစ်များကို ထပ်မံတိုးချဲ့နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘Spectrum Road Map အရ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မိုဘိုင်း အော်ပရေတာတွေအတွက် လှိုင်း နှုန်းအသစ်ထပ်ချပေးဖို့ ရှိပါတယ်။ အဲဒီကျရင်လည်း ၀န်ဆောင်မှုအသစ်တွေ ထပ်ပြီးတိုးချဲ့နိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာသုံးခု၌ အူရီးဒူးမြန်မာတစ်ခုသာ ၎င်းတို့၏ ဖုန်း အသုံးပြုသူများအား ယခုလမှစ၍ 4G အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မေလ ၉ ရက်က ထုတ်ပြန်ထားပြီး အခြားသော အော်ပရေတာ နှစ်ခုသည် 3G စနစ်ကိုသာ ဆက်လက်၍ ၀န်ဆောင်မှုပေးနေပြီး 4G စနစ်နှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

နည်းပညာလုံလောက်ပါက ဆက်သွယ်ရေးအော်ပရေတာများ 4G ၀န်ဆောင်မှုပေးနိုင်ဟုဆို နည်းပညာလုံလောက်ပါက ဆက်သွယ်ရေးအော်ပရေတာများ 4G ၀န်ဆောင်မှုပေးနိုင်ဟုဆို Reviewed by The Collector on Monday, May 16, 2016 Rating: 5

No comments