Xiaomi တံဆိပ် စမတ်ဖုန်းများ တရားဝင် အရောင်းကိုယ်စားလှယ်ဖြင့် ဖြန့်ချိမည်


ဓာတ်ပုံ − ထက်အာကာကျော်

တရုတ်နိုင်ငံထုတ် Xiaomi အမှတ်တံဆိပ်စမတ်ဖုန်း နှင့် ထုတ်ကုန်များကို ယခုလမှစ၍ ပြည်တွင်းကုမ္ပဏီတစ်ခုကတရား ၀င် ဖြန့်ချိကာ ၀န်ဆောင်မှုစင် တာများဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Strong Source ကုမ္ပဏီ သည် Xiaomi အမှတ်တံဆိပ် ထုတ်ကုန်များကို ပြည်တွင်း၌ တရားဝင် တင်သွင်းဖြန့်ချိခွင့်ရရှိ ခဲ့ပြီး မိုဘိုင်းဟန်းဆက်များအ တွက် လာမည့်သုံးလအတွင်း ၀န် ဆောင်မှုစင်တာ သုံးခုဖွင့်လှစ် မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ လက်ထောက်အထွေထွေမန်နေ ဂျာ ဦးသန့်စင်က မေလ ၁၂ ရက် တွင် ပြောသည်။

‘‘လောလောဆယ် Xiaomi အမှတ်တံဆိပ် မိုဘိုင်းဟန်းဆက် ခြောက်မျိုးကို တရားဝင်ရောင်းချ မှာပါ။ တစ်နှစ်အာမခံပေးထားမှာ ပါ။ တင်သွင်းဖြန့်ချိမယ့် ဖုန်းတွေ မှာ အင်္ဂလိပ်စာဗားရှင်း Built-in ပါရှိမှာဖြစ်ပြီး မြန်မာစာယူနီကုတ် လည်း ထောက်ပံ့ပေးထားပါ တယ်’’ဟု ၎င်းကဆိုသည်။

ပြည်တွင်းဈေးကွက်အတွင်း ရှိ Xiaomi အမှတ်တံဆိပ်စမတ် ဖုန်းများသည် တရုတ်ဘာသာဖြင့် အညွှန်းစာနှင့် အက်ပလီကေးရှင်း များပါဝင်ပြီး Strong Source ကုမ္ပဏီက ဖြန့်ချိမည့် စမတ်ဖုန်း များသည် နိုင်ငံတကာသို့ ဖြန့်ချိ မည့် Version အတိုင်း အင်္ဂလိပ် ဘာသာဖြင့် ပါရှိမည်ဖြစ်သည်။

Xiaomi စမတ်ဖုန်းများနှင့် နည်းပညာသုံး အထောက်အကူ ပစ္စည်းများကို ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စသည့်မြို့ကြီး များတွင် တရားဝင်တင်သွင်းဖြန့် ချိသည့်ဆိုင် Mi-Home များဖွင့် လှစ်၍ ရောင်းချမည်ဖြစ်ပြီး လက် ရှိ ရန်ကုန်မြို့၌ လသာလမ်း (အပေါ် ဘလောက်)၊ ဘုန်းကြီးလမ်း(အလယ်)နှင့် ယုဇနပလာဇာတို့၌ ဖွင့်လှစ်ထားကြောင်း Strong Source ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

Xiaomi ၏ ပထမဆုံး ၀န် ဆောင်မှုစင်တာကို လသာလမ်း (အပေါ်ဘလောက်)တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

Xiaomi တံဆိပ် စမတ်ဖုန်းများ တရားဝင် အရောင်းကိုယ်စားလှယ်ဖြင့် ဖြန့်ချိမည် Xiaomi တံဆိပ် စမတ်ဖုန်းများ တရားဝင် အရောင်းကိုယ်စားလှယ်ဖြင့် ဖြန့်ချိမည် Reviewed by The Collector on Friday, May 13, 2016 Rating: 5

No comments