အွန်လိုင်းငွေပေးချေဝန်ဆောင်မှုများ စာတိုက်များတွင် ငွေသွင်းအသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟုဆို


အွန်လိုင်းပေါ်မှငွေပေး ချေဝန်ဆောင်မှုများအားလုံးအွန်လိုင်းပေးချေဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် 2C2Pနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိစာတိုက်များ၌ ငွေသွင်းအသုံးပြုနိုင်စေရန်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့စာပို့တိုက်လုပ်ငန်းမှ သတင်းရရှိသည်။

  အဆိုပါဝန်ဆောင်မှုသည် အွန်လိုင်းမှချိတ်ဆက်ထားသဖြင့် နိုင်ငံတစ်ဝန်းရှိ စာတိုက်များမှတစ်ဆင့် လေယာဉ်လက်မှတ်များ၊ကားလက်မှတ်ဝယ်ယူခြင်း၊ ဟိုတယ်အခန်းများကြိုတင်မှာယူမှုများပြုလုပ်ခြင်း၊ ဖျော်ဖြေပွဲလက်မှတ်များဝယ်ယူခြင်း၊ အွန်လိုင်းပေါ်မှ ဈေးဝယ်ခြင်းနှင့် ဖုန်းဘီလ်များဝယ်ယူခြင်းစသည့် အွန်လိုင်းငွေပေးချေဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘ကနဦးအနေနဲ့ အွန်လိုင်း Paymentနဲ့ ဈေးဝယ်လို့ရတာ တွေအားလုံးကို စာတိုက်တွေမှာ ၀န်ဆောင်မှုပေးဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ တောင်သူတွေကို လယ်ထွန်စက် အရစ်ကျစနစ်နဲ့ ရောင်းပေးတာတွေ၊ တခြားကုမ္ပ ဏီတွေက ပစ္စည်းတွေကိုအရစ် ကျရောင်းတဲ့အခါမှာ စာတိုက်က နေငွေပေးချေတာတွေကိုလည်း လုပ်ဆောင်ဖို့ရှိပါတယ်’’ဟု မြန်မာ့စာပို့တိုက်လုပ်ငန်း ရန်ကုန်တိုင်းမန်နေဂျာဦးသောင်းနိုင်စိုးက ပြောသည်။

မြန်မာ့စာတိုက်လုပ်ငန်းအ နေဖြင့် နိုင်ငံတစ်ဝန်းတွင် စာ တိုက်ခွဲပေါင်း  ၁,၃၀၀ကျော်ဖွင့် လှစ်ထားပြီး အွန်လိုင်းငွေပေးချေ ၀န်ဆောင်မှုများကို အဆိုပါစာ တိုက်ခွဲအားလုံး ရရှိနိုင်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းငွေပေးချေဝန်ဆောင်မှုများ စာတိုက်များတွင် ငွေသွင်းအသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟုဆို အွန်လိုင်းငွေပေးချေဝန်ဆောင်မှုများ စာတိုက်များတွင် ငွေသွင်းအသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟုဆို Reviewed by The Collector on Tuesday, May 31, 2016 Rating: 5

No comments