Samsung Galaxy On7 ဖုန်း ပြည်တွင်းဈေးကွက်အတွက် အွန်လိုင်းနှင့် အရောင်းဆိုင်များ၌ပါ ရောင်းချမည်


 နိုင်ငံတကာတွင် အွန် လိုင်းမှ သီးသန့်ရောင်းချသော Samsung Galaxy On7 ကို ပြည်တွင်း၌ အွန်လိုင်းမှ ဝယ်ယူ နိုင်သည့်စနစ်သာမက တရားဝင် အရောင်းဆိုင်များတွင်လည်း ရောင်းချမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်တွင်း၌ အွန်လိုင်းမှ ဈေးဝယ်ယူနိုင်သည့်E-Commerce စနစ်သည် အားနည်းနေဆဲဖြစ်၍ Samsung အမှတ်တံဆိပ် တရား ဝင်မိုဘိုင်းဖုန်းအရောင်းဆိုင်များ တွင်လည်း ရောင်းချပေးခြင်းဖြစ် ကြောင်း ယင်းကုမ္ပဏီ၏ IT & Mobile ဌာန အကြီးအကဲ ဦးဇာ နည်ဝင်းထက်က ပြောကြား သည်။

‘‘ဒီဖုန်းက အွန်လိုင်းမှာပဲ ရောင်းချဖို့ ထုတ်လုပ်ထားတဲ့ဖုန်း အမျိုးအစားပဲ။ ဒါပေမဲ့ မြန်မာ နိုင်ငံအတွက် အွန်လိုင်းကတင် မကဘဲ အပြင်ဆိုင်တွေမှာပါ ရောင်းချပေးဖို့ တောင်းဆိုထားရ တာပါ’’ဟု ၎င်းက ပြောသည်။

ဆင်းမ်ကတ်နှစ်မျိုးသုံး၊ မျက်နှာပြင် ၅ ဒသမ ၅ လက်မအရွယ် Galaxy On7 စမတ်ဖုန်းတွင် 1.2 Quad Core CPU နှင့် RAM 1.5 GB ထည့်သွင်းထားပြီး Android Version 5.1 (Lollipop)ကို အသုံးပြုထားသည်။ နောက် ကင်မရာ 13MP ရှိပြီး ရှေ့ကင်မရာကို 5 MP တပ်ဆင်ထားသည်။

 Samsung Galaxy On7 ကို ကျပ် နှစ်သိန်းနှစ်သောင်းငါး ထောင်ဖြင့် အွန်လိုင်းနှင့် ပြင်ပဆိုင်နှစ်နေရာစလုံးတွင် ဈေးနှုန်းကွာ ခြားချက်မရှိဘဲ ရောင်းချခြင်းဖြစ် ပြီး ကြိုတင်မှာယူစနစ် (Pre- Order)လက်ခံရာ၌ ငါးရက်အ တွင်း ဖုန်းအလုံးရေ ငါးဆယ်ကျော် ရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ သိရှိရသည်။

Samsung သည် တရားဝင် စမတ်ဖုန်း၊ တက်ဘလက်နှင့် မို ဘိုင်းဖုန်းဆိုင်ရာ ဆက်စပ်ပစ္စည်း များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့်အီလက်ထရွန်နစ်ကုန်သွယ်မှုစနစ်ကို ဧပြီ ၄ ရက်က စတင်ကြောင်း ကြေညာခဲ့ပြီး လက်ရှိအထိ အွန်လိုင်းမှ ဖုန်းအလုံးရေ ခုနစ်ဆယ်ကျော် ရောင်းချခဲ့ရကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ အွန်လိုင်းမှ ရောင်းချသည့် စနစ် စတင်ချိန်က ရန်ကုန်နှင့် မန္တလေးမြို့တွင်သာ ရရှိခဲ့သော်လည်း လက်ရှိ၌ အိမ်တိုင်ရာရောက်စနစ်ဖြင့် မြို့နယ် ၃၆ မြို့နယ်တွင် ဝန်ဆောင်မှုပေး နေကြောင်း ဦးဇာနည်ဝင်းထက် က ပြောသည်။

Samsung Galaxy On7 ဖုန်း ပြည်တွင်းဈေးကွက်အတွက် အွန်လိုင်းနှင့် အရောင်းဆိုင်များ၌ပါ ရောင်းချမည် Samsung Galaxy On7 ဖုန်း ပြည်တွင်းဈေးကွက်အတွက် အွန်လိုင်းနှင့် အရောင်းဆိုင်များ၌ပါ ရောင်းချမည် Reviewed by The Collector on Tuesday, May 10, 2016 Rating: 5

No comments