Police Media Group အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ရဲတပ်ဖွဲ့၏ စာမျက်နှာမဟုတ်ဟုဆို


ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် Police Media Group အမည်ရှိ စာမျက်နှာသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှင့်တင် ထားခြင်းမဟုတ်ဘဲ ယင်းစာမျက် နှာ၌ ဖော်ပြထားသော Cyber Crime Police သို့ တိုင်ကြားနိုင် သည့် ဖုန်းနံပါတ်မှာလည်း တပ် ဆင်ထားခြင်းမရှိကြောင်း သတင်းရရှိသည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ‘ရဲဇာနည်’အမည်ဖြင့်သာ ဖေ့စ် ဘွတ်ခ်စာမျက်နှာ တရားဝင်လွှင့် တင်ထားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ရေးသားထားသည့်အခြားစာမျက်နှာများမှာ ဌာနချုပ် က ကိုင်တွယ်ခြင်းမရှိကြောင်း နေ ပြည်တော်ရဲဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

‘‘တိုင်းနဲ့ပြည်နယ်အလိုက် ရဲတပ်ဖွဲ့တွေ လွှင့်တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေတော့ ရှိတယ်။ ဒါပေမဲ့ ရဲနဲ့ပတ်သက်တဲ့ တရားဝင်သတင်းထုတ်ပြန်ချက် တွေကိုတော့ ရဲဇာနည်ကပဲ ထုတ် ပြန်တယ်။ တခြားနာမည်နဲ့ စာ မျက်နှာတွေမရှိပါဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။


 Like ပြုလုပ်ထားသူ ရှစ် သောင်းတစ်ထောင်ကျော်ရှိသော Police Media Group အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် မေလ ၄ ရက်က Cyber Crime Po-lice သို့ တိုင်ကြားနိုင်သည်ဟူသောခေါင်းစဉ်ဖြင့် လူမှုကွန်ရက်ပေါ်၌ ကာယကံရှင်ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံဖြင့် အရှက်ခွဲခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ စော်ကားခံရခြင်းများအတွက် Cyber Crime Police ဌာန ဖုန်း-၀၆၇-၄၀၇၁၅၈ သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု လွှင့်တင်ထားသည်။ ထိုသို့ လွှင့်တင်ထားသည်ကိုလည်း မျှဝေသူများစွာရှိခဲ့သည်။

ယင်းကဲ့သို့ Police Media Group တွင် ဖော်ပြထားသော Cyber Crime Police နှင့် ယင်း ဖုန်းနံပါတ်သည် အစစ်အမှန်မရှိ ကြောင်း နေပြည်တော်ရဲဌာနချုပ် မှ သိရသည်။

အင်တာနက်ပေါ်တွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ စော်ကားမှု များနှင့် ပြစ်မှုကျူးလွန်သူများအ တွက် သီးသန့်အရေးယူနိုင်သည့် ဆိုက်ဘာရာဇဝတ်မှုဥပဒေမှာ ရေးဆွဲနေဆဲဖြစ်၍ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ်ဥပဒေ တို့ဖြင့် တရားစွဲဆိုပြီး အရေးယူမှု များ ပြုလုပ်နေရကြောင်း မှုခင်း ရဲတပ်ဖွဲ့ဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘Cyber Crime Police ဆို တာ သီးသန့်ဖွဲ့ထားတာမရှိသေး ဘူး။ မှုခင်းရဲတပ်ဖွဲ့ဌာနအောက် မှာ နည်းပညာမှုခင်းဌာနဆိုပြီး ဖွဲ့ထားတာရှိတယ်။ ဆိုက်ဘာ ရာဇဝတ်မှုဥပဒေကလည်း ရေးဆွဲ ဆဲဆိုတော့ လက်ရှိပြစ်ဒဏ်တွေ က သိပ်မပြင်းထန်သေးတာပေါ့။ ဒါပေမဲ့ ရှိပြီးသားဥပဒေတွေနဲ့ တရားစွဲအရေးယူလို့ရတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာ ကဲ့သို့သော အင်တာနက်လူမှုကွန် ရက်မှတစ်ဆင့် ပြစ်မှုကျူးလွန်သူ များကို နီးစပ်ရာရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားနိုင်သော်လည်း အချက်အလက်သက်သေပြရန် နှင့် လက်တွေ့အရေးယူမှုအပိုင်း ၌  အားနည်းနေဆဲဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့က သုံး သပ်သည်။

Police Media Group အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ရဲတပ်ဖွဲ့၏ စာမျက်နှာမဟုတ်ဟုဆို Police Media Group အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ရဲတပ်ဖွဲ့၏ စာမျက်နှာမဟုတ်ဟုဆို Reviewed by The Collector on Sunday, May 08, 2016 Rating: 5

No comments