နည်းပညာ ကုမ္ပဏီတည်ထောင်လိုသူများအား ဖန်တီးရာက သင်တန်းပေးမည်


ဖန်တီးရာ၌ပြုလုပ်ခဲ့သော ဟောပြောပွဲတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-Phandeeyar)

နည်းပညာစုရပ် အဖွဲ့အ စည်းတစ်ခုဖြစ်သည့် ဖန်တီးရာက ပြည်တွင်း၌ နည်းပညာကုမ္ပဏီစတင်တည်ထောင်လိုသူများ အ တွက် Founder Institute Yan- gon အမည်ဖြင့် သင်တန်းဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Founder Institute Yangon သည် အမေရိကန်ရှိ ဆီ လီကွန်ဗယ်လီ၌ရှိသော စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအား ပြုစုပျိုး ထောင်ပေးသည့် သင်တန်းကဲ့သို့ လေ့ကျင့် သင်ကြားပေးမည် ဖြစ် ပြီး သင်တန်းကာလ သုံးလခွဲကြာ မြင့်မည်ဖြစ်ကြောင်း ဖန်တီးရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကိုယ်ပိုင်စီးပွားရေးလုပ် မယ့်သူတွေ အဆင်သင့်ဖြစ်ဖို့ ရည်ရွယ်တာပါ။ ပြည်တွင်းက နည်းပညာ ကုမ္ပဏီငယ်တွေ အ တွက် အဓိကထားတယ်။ လာ လျှောက်တဲ့သူတွေထဲကနေ ၁၅-၂၀ ယောက်လောက်ရွေးသွား မယ်’’ဟု၎င်းက ရှင်းပြသည်။

Founder Institute Yan- gon သင်တန်းပထမအသုတ်ကို ဒီဇင်ဘာတွင် စတင်မည်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာများ တွင် ယင်းသင်တန်းနှင့် ပတ်သက် သည့် သတင်းအချက်အလက် မျှ ဝေပွဲများကို ဖန်တီးရာ၌ ပြုလုပ် မည်ဟု ကြေညာထားသည်။

အထက်ပါ သင်တန်းတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အောင်မြင်သော စီးပွားရေး လုပ် ငန်းရှင်များက လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ပြီး ကဏ္ဍသုံးခုနှင့် ခေါင်းစဉ် ၁၄ ခု ပို့ချမည်ဖြစ် ကြောင်း သတင်းရှိသည်။

  ယင်းသင်တန်းလျှောက် ထားသူများကို စွန့်ဦးတီထွင် လုပ် ငန်းရှင် သဘောတရားများ စစ် ဆေးမည်ဖြစ်ပြီး အောင်မြင်သူများအား တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် သင်တန်းကြေးအဖြစ် အမေရိကန် ၃၇၅ ဒေါ်လာ သတ်မှတ်ထားကြောင်း ဖန်တီးရာမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတကာတွင် Founder Institute အမည်ဖြင့် ၂၀၀၉ က တည်းက စတင်ပြုလုပ်ပြီး နိုင်ငံ ၈၅  ခုတွင် ကုမ္ပဏီနှစ်ထောင်ကျော် တည်ထောင်နိုင်ရန် ကူညီပေးနိုင် ခဲ့သည်။

 ယင်းတို့အနက်မှ ၈၁ ရာ ခိုင်နှုန်းလုပ်ငန်းများသည် ဆက် လက်ရပ်တည်နေပြီး အလုပ်အ ကိုင်ပေါင်း တစ်သောင်းငါးထောင်ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဖန်တီးရာက သတင်းထုတ်ပြန်ထားသည်။

နည်းပညာ ကုမ္ပဏီတည်ထောင်လိုသူများအား ဖန်တီးရာက သင်တန်းပေးမည် နည်းပညာ ကုမ္ပဏီတည်ထောင်လိုသူများအား ဖန်တီးရာက သင်တန်းပေးမည် Reviewed by The Collector on Sunday, October 02, 2016 Rating: 5

No comments