မိုဘိုင်းဖုန်းအချင်းချင်းငွေလွှဲပြောင်းနိုင်သည့် ၀န်ဆောင်မှုကို ဗဟိုဘဏ်စတင်ခွင့်ပြု


မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦး(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

 မိုဘိုင်းငွေကြေးဝန် ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ပထမဆုံးခွင့်ပြုသည့် အဖွဲ့အ စည်းအဖြစ် Digital Money Myanmar လီမိတက်၏ Wave Money လုပ်ငန်းကို ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေး ကြောင်း သတင်းရရှိသည်။

 မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲ ပြောင်း၊ လက်ခံမှုများဆောင်ရွက် နိုင်သည့် အဆိုပါမိုဘိုင်းငွေကြေး ၀န်ဆောင်မှုလုပ်ငန်းကို စက်တင် ဘာ ၂၈ ရက်က မှတ်ပုံတင်လက် မှတ်ချထားပေးခြင်းဖြစ်ကြောင်း အောက်တိုဘာ ၅ ရက် နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားသည်။


Digital Money Myanmar လီမိတက်ကို First Myanmar Investment (FMI)၊ ရိုးမဘဏ် နှင့် မိုဘိုင်းအော်ပရေတာTelenor တို့ ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။

 အဆိုပါ ၀န်ဆောင်မှုလုပ် ငန်းမှာ မိုဘိုင်းဖုန်းအချင်းချင်း ငွေ ကြေးလွှဲပြောင်းမှုဆောင်ရွက်နိုင် ပြီး ငွေသားထုတ်ယူလိုပါက Wave Myanmar ခွင့်ပြုချက်ရရှိထား သည့် ဈေးဆိုင်၊ စတိုးဆိုင်၊ စား သောက်ဆိုင် စသည့်ဆိုင်များတွင် ထုတ်ယူနိုင်သည့် စနစ်ဖြစ်သည်။

မိုဘိုင်းဖုန်းအချင်းချင်းငွေလွှဲပြောင်းနိုင်သည့် ၀န်ဆောင်မှုကို ဗဟိုဘဏ်စတင်ခွင့်ပြု မိုဘိုင်းဖုန်းအချင်းချင်းငွေလွှဲပြောင်းနိုင်သည့် ၀န်ဆောင်မှုကို ဗဟိုဘဏ်စတင်ခွင့်ပြု Reviewed by The Collector on Friday, October 07, 2016 Rating: 5

No comments