Nazara ဂိမ်းအမျိုးအစားစုံကို အူရီးအူးမြန်မာသုံးစွဲသူများ ၀ယ်ယူဆော့ကစားနိုင်ပြီဟုဆို


အူရီးအူးမြန်မာသုံးစွဲသူ များသည် အိန္ဒိယနိုင်ငံအခြေစိုက် Nazara  ကုမ္ပဏီ၏ ဂိမ်းအမျိုးအ စားစုံကို အွန်လိုင်းပေါ်မှတစ် ဆင့်ဝယ်ယူဆော့ကစားနိုင်ပြီဖြစ် ကြောင်း ယင်းကုမ္ပဏီက အောက် တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အူရီးဒူးမြန်မာနှင့် Nazara တို့အကြား မိတ်ဆက်အဖွဲ့အ စည်းအဖြစ် ပူးပေါင်းဆောင်ရွက် ခြင်းကြောင့် ဖုန်းအမျိုးအစား မရွေး ကမ္ဘာကျော်ဂိမ်းများ ဆော့ ကစားနိုင်မည်ဖြစ်သည်။


‘‘ဂိမ်းကစားခြင်းဟာ လူတိုင်းရဲ့ နေ့စဉ်ဘ၀အတွက် အပန်းဖြေ နည်းတစ်ခုပါပဲ။ စမတ်ဖုန်း၊ iPhoneနဲ့ Feature Phones အစ ရှိတဲ့ မည်သည့်အမျိုးအစားကို မဆို အူရီးဒူးသုံးစွဲသူတွေအားလုံး ဟာ အခုဆိုရင် အဆိုပါကမ္ဘာ တစ်လွှားလူကြိုက်များနေတဲ့ ထိပ်တန်းဂိမ်းတွေကို ဆော့ကစား နိုင်တော့မှာပါ’’ဟု အူရီးဒူးမြန်မာ Marketing and Commun-ications ဒါရိုက်တာ ဒေါ်ပွင့်ဦး ဆွေက ပြောသည်။

ယခင်က Nazara Game Portal အား မြန်မာနိုင်ငံရှိ ဂိမ်း ၀ါသနာရှင်များ ၀င်ရောက်ဆော့ ကစားနိုင်ခြင်းမရှိကြောင်း အူရီးဒူးမြန်မာကပြောသည်။

အူရီးဒူးမြန်မာအသုံးပြုသူ များသည် Nazara Game Portal တွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စာရင်းသွင်းခြင်းများ ပြုလုပ်နိုင်ပြီးနေ့စဉ်ကြေး ၅၀ ကျပ်၊ အပတ် စဉ်ကြေး ၃၀၀ ကျပ်နှင့် လစဉ် ကြေး ၁,၀၀၀ ကျပ်သတ်မှတ်ထား ကြောင်း သိရသည်။

အဆိုပါ Game Portal မှ ဂိမ်းများကို ဒေါင်းလုတ်ဆွဲခြင်း အတွက် ပုံမှန်ဒေတာအသုံးပြုခ များသာ ကျသင့်မည်ဖြစ်ပြီး အက် ရှင်ဂိမ်းများ၊ ကားမောင်းပြိုင်ပွဲ များ၊ ထိပ်တန်းရေပန်းစားနေ သည့် ဂိမ်းများ၊ အကောင်းဆုံး မိုဘိုင်းဂိမ်းများ၊ ပစ်ခတ်ဆော့ ကစားရသည့် ဂိမ်းများစသည့် ဂိမ်းအမျိုးအစားစုံလင်စွာ Nazaraတွင် ရရှိနိုင်မည်ဟု ဆိုသည်။

Nazara ဂိမ်းအမျိုးအစားစုံကို အူရီးအူးမြန်မာသုံးစွဲသူများ ၀ယ်ယူဆော့ကစားနိုင်ပြီဟုဆို Nazara ဂိမ်းအမျိုးအစားစုံကို အူရီးအူးမြန်မာသုံးစွဲသူများ ၀ယ်ယူဆော့ကစားနိုင်ပြီဟုဆို Reviewed by The Collector on Saturday, October 22, 2016 Rating: 5

No comments