ပြည်နယ်၊ တိုင်း သုံးခုတွင် အော်တိုတယ်လီဖုန်းများ ပြောင်းလဲတပ်ဆင်မည်


အော်တိုတယ်လီဖုန်းသုံးစွဲနေသူတစ်ဦး(ဓာတ်ပုံ−စိုင်းဇော်)

 မွန်ပြည်နယ်၊ မန္တလေး တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ခေတ်မီအိတ် ချိန်းစက်များ လဲလှယ်၍ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲတပ်ဆင်ရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သတင်း ရရှိသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို အိတ်ချိန်း၊ မန္တလေးတိုင်းတွင် မလှိုင်အိတ်ချိန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်စသည့် အိတ်ချိန်းသုံးခုကို ခေတ်မီ အိတ်ချိန်းစက်များဖြင့် ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်၍ အော်တို တယ်လီဖုန်း နံပါတ်များ ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်သည်။


 ယင်းကဲ့သို့ ဖုန်းနံပါတ် အဟောင်းမှ အသစ်သို့ပြောင်းလဲ နေစဉ်အတွင်း သုံးစွဲသူများဆက် သွယ်မှု အဆင်ပြေစေရန် CallForward ဝန်ဆောင်မှုကို၂၀၁၇ ဇွန်လကုန်အထိ အခမဲ့ပေးထား မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။

 ကျိုက်ထိုအိတ်ချိန်းတွင် လက်ရှိ အသုံးပြုနေသော ဖုန်း နံပါတ် ၀၅၇-၆၀××× မှ ၀၅၇-၈၈၉-၀××× သို့လည်းကောင်း၊ မလှိုင်အိတ်ချိန်းတွင် ဖုန်းနံပါတ် ၀၆၄-၆၀×××မှ ၀၆၄-၂၈၉-၀ ××× သို့လည်းကောင်း၊ ညောင် လေးပင်အိတ်ချိန်းတွင် ဖုန်းနံ ပါတ် ၀၅၂-၅၀×××မှ ၀၅၂- ၆၇၄-၃××× သို့လည်းကောင်း အသစ်လဲလှယ်တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအိတ်ချိန်း သုံးခုစလုံးတွင် အဆင့်မြှင့်တင်မည့် လုပ် ငန်းစဉ်ကို ၂၀၁၆ နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်မည်ဟု ကြေညာ ထားသည်။

ပြည်နယ်၊ တိုင်း သုံးခုတွင် အော်တိုတယ်လီဖုန်းများ ပြောင်းလဲတပ်ဆင်မည် ပြည်နယ်၊ တိုင်း သုံးခုတွင် အော်တိုတယ်လီဖုန်းများ ပြောင်းလဲတပ်ဆင်မည် Reviewed by The Collector on Thursday, October 27, 2016 Rating: 5

No comments