ဟွာဝေး P9 စမတ်ဖုန်း Rose Gold အမျိုးအစားကို စတင်မိတ်ဆက်


ဟွာဝေးသည် နောက် ဆုံးထုတ်ကုန် P9 စမတ်ဖုန်း၏ Rose Gold အမျိုးအစားကို အောက်တိုဘာ ၇ ရက်က ရန်ကုန် မြို့ရှိ မြန်မာပလာဇာ၌ မိတ်ဆက်ခဲ့သည်။

 အဆိုပါ P9 (Rose Gold) ကို မြန်မာနိုင်ငံတစ်ဝန်းရှိ ဟွာ ဝေးနှင့် ချိတ်ဆက်ထားသော ဖုန်း ဆိုင်များတွင် ငါးသိန်းငါးသောင်း ကိုးထောင်ကျပ်ဖြင့် ရရှိနိုင်ကြောင်း  သတင်းထုတ်ပြန်သည်။

‘‘Rose Gold က သုံးစွဲသူ တွေရဲ့ စတိုင်၊ ဖက်ရှင်ကို ထင် ဟပ်စေမယ့် ထုတ်ကုန်တစ်ခုဖြစ် ပါတယ်။ ဖက်ရှင်၊ နည်းပညာနဲ့ ဓာတ်ပုံပညာတို့ရဲ့ ပေါင်းစပ်မှုက နေ ပေါက်ဖွားလာတဲ့ Huawei P9 Rose Gold ပါ’’ဟု ဟွာဝေး ထုတ်ကုန် စီးပွားရေးဌာန Mar- keting Director ကိုအောင်မိုးထူး က ပြောသည်။


ဟွာဝေး၏ P9 စမတ်ဖုန်း သည် ဂျာမနီအခြေစိုက် Leica နှင့် ပူးပေါင်း၍ ကင်မရာဦးစားပေး ဖုန်းအမျိုးအစားဖြစ်ပြီး ယင်းထုတ်ကုန်သစ်ကို ပြည်တွင်း၌ ဇွန်လ အတွင်း စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

  အသစ်ထပ်မံထုတ်လုပ် ထားသည့် P9 အား Prestige Gold, Titanium Gray, Mystic Silver နှင့် Rose Gold စသည့် အရောင်လေးမျိုး ရွေးချယ်နိုင် ကြောင်း ဟွာဝေးမြန်မာ ဆိုသည်။

ယင်းထုတ်ကုန်သစ်ကို နိုဝင်ဘာ၃၀ ရက်အထိ ဝယ်ယူသူများသည် 10000 mAh ရှိ ဟွာဝေး PowerBank,  Tripod နှင့် Selfie Stick တို့ပါဝင်သည့် လက်ဆောင်များရရှိမည်ဟု သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

P9 ၏ မျက်နှာပြင်အရွယ် အစားမှာ ၅ ဒသမ ၂ လက်မရှိပြီး ဖုန်း၏ စွမ်းဆောင်ရည် Huawei Kirin 955 (64 bit), Octacore နှင့် 3GB RAM တို့ အသုံးပြုထား သည်။ သိုလှောင်နိုင်စွမ်းမှာ 32 GB ဖြစ်ပြီး ဖုန်းဘက်ထရီမှာ 3000 mAh ဖြစ်သည်။ Android ဗားရှင်းမှာ Marshmallow 6.0 ဖြစ်သည်။ နောက်ကျောဘက် တွင် မှန်ဘီလူးနှစ်ခု 12MP နှင့် ရှေ့ဘက်တွင် 8MP တို့ဖြင့် ထုတ် လုပ်ထားသော စမတ်ဖုန်းအမျိုး အစားဖြစ်သည်။

ဟွာဝေး P9 စမတ်ဖုန်း Rose Gold အမျိုးအစားကို စတင်မိတ်ဆက် ဟွာဝေး P9 စမတ်ဖုန်း Rose Gold အမျိုးအစားကို စတင်မိတ်ဆက် Reviewed by The Collector on Sunday, October 09, 2016 Rating: 5

No comments