MPT ဖုန်းသုံးစွဲသူများ ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုနိုင်မည့် အစီအစဉ်စတင်မည်


ဖုန်းဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲနေစဉ်(ဓာတ်ပုံ−နစ်ကီ)

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုနိုင်သော Face-book Flex & Free Basics အစီ အစဉ်ကို ဇွန်လ ၆ ရက်တွင် စတင် ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါဖေ့စ်ဘွတ်ခ်အခ မဲ့အစီအစဉ်ဖြင့် စာသားများရေး သားခြင်း၊ ကြည့်ရှုခြင်း၊ Like ပြု လုပ်ခြင်း၊ Comment ပေးခြင်း၊ စာရိုက်စကားပြောဆိုခြင်းများပြု လုပ်နိုင်မည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ် မှ ထောက်ပံ့ပေးထားသော ကျန်း မာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဏ္ဍာရေးဆိုင် ရာအကြောင်းအရာဝန်ဆောင်မှု ၃၅မျိုးကို အခမဲ့ကြည့်ရှုနိုင်ကြောင်း MPT ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် မစ္စတာ KoichiKawase က ပြောသည်။

‘‘ဖေ့စ်ဘွတ်ခ်နဲ့ အခုလိုပူး ပေါင်းခြင်းကြောင့် ဖုန်းဘီလ်ထဲ ငွေမရှိရင်လည်း ဖေ့စ်ဘွတ်ခ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခမဲ့အစီအစဉ်က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတော့ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ စာသားတွေပဲမြင်နိုင်မယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ဓာတ်ပုံ နှင့် ဗီဒီယိုများကြည့်ရှုရန် အင်တာနက်ဒေတာကိုအသုံးပြုရန်လိုအပ်ပြီး အခမဲ့အစီအစဉ်ကို မိုဘိုင်းအက်ပလီကေးရှင်း (သို့မဟုတ်) Browser မှတစ်ဆင့် ဇွန်လ ၆ ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးထွန်းအေးမောင်က ပြောသည်။

‘‘ဇွန်လ ၆ ရက်မှာ ဖေ့စ်ဘွတ်ခ်က Facebook is Free on MPT ဆိုတဲ့ စာသားဖော်ပြပေးမယ်။ အဲဒါကို အလွယ်တကူအသုံးပြုလိုက်ရုံပဲ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အထက်ပါအခမဲ့ဝန်ဆောင် မှုကို အသုံးပြုရန် အင်တာနက်ဖွင့် (On) ထားရန်လိုအပ်ပြီး အလိုအ လျောက် ဒေါင်းလုတ်ပြုလုပ်သော စနစ်များပိတ်ထားရန် လိုအပ် ကြောင်း MPT ၏ စီးပွားရေးဌာန အရာရှိချုပ် ဦးသိန်းဟုတ်က ရှင်း ပြသည်။

MPT ဖုန်းသုံးစွဲသူများ ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုနိုင်မည့် အစီအစဉ်စတင်မည် MPT ဖုန်းသုံးစွဲသူများ ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုနိုင်မည့် အစီအစဉ်စတင်မည် Reviewed by The Collector on Friday, June 03, 2016 Rating: 5

No comments