2600 MHz လှိုင်းနှုန်းစဉ် လေလံတွင် MPT နှင့် တယ်လီနော ဆက်လက်ပါဝင်ခွင့်ရ


မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲနေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက လေလံတင် ရောင်းချမည့် 2600 MHz လှိုင်း နှုန်းစဉ်ကို ပြည်တွင်းဆက်သွယ် ရေးဝန်ဆောင်မှုကုမ္ပဏီ ၁၈ ခုနှင့် အတူ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း(MPT)၊ တယ်လီနောမြန်မာ တို့လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဆယ်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် လှိုင်းနှုန်းစဉ်လေ လံတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင် နိုင်ရန် ကုမ္ပဏီ(Potential Bidder) စာရင်းထုတ်ပြန်ရာ အူရီးဒူးမြန်မာ ကုမ္ပဏီပါဝင်လာခြင်းမရှိဘဲ ကျန်အော်ပရေတာ နှစ်ခုဖြစ်သည့် MPT နှင့် တယ်လီနောသာ ပါဝင် လာခြင်းဖြစ်သည်။

2600 MHz လှိုင်းနှုန်းစဉ် လေလံကို ပြည်တွင်းရှိ NFS(I) လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၃၅ ခု ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသော် လည်း ယင်းအနက်မှ ကုမ္ပဏီ ၂၀ က စိတ်ဝင်စားကြောင်း အဆိုပြု လွှာ (EoI)တင်၍ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

လှိုင်းနှုန်းစဉ် 2600 MHz သည် အင်တာနက်ဘန်ဝှစ် ပိုမို ကျယ်သည့်အတွက် အင်တာနက် လိုင်း ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင် ရေး အထောက်အကူပြုမည်ဟုဆို သည်။

အဆိုပါလှိုင်းနှုန်းစဉ်ပမာဏ ကို မြန်မာနိုင်ငံအတွင်း နယ်မြေ သုံးခုခွဲ၍ နယ်မြေတစ်ခုလျှင် ကုမ္ပ ဏီနှစ်ခုစီချထားပေးမည်ဖြစ်ပြီး ကုမ္ပဏီသုံးခုက ခြောက်ခုအတွင်း ယင်းလေလံရရှိပိုင်ဆိုင်မည်ဖြစ် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောကြား ထားသည်။

လေလံအတွက် ဈေးနှုန်း သတ်မှတ်မှုကို လေလံပွဲကျင်းပ မည့် အောက်တိုဘာ ၁၇ ရက်တွင် ကြေညာမည်ဖြစ်သည်။

2600 MHz လှိုင်းနှုန်းစဉ် လေလံတွင် MPT နှင့် တယ်လီနော ဆက်လက်ပါဝင်ခွင့်ရ 2600 MHz လှိုင်းနှုန်းစဉ် လေလံတွင် MPT နှင့် တယ်လီနော ဆက်လက်ပါဝင်ခွင့်ရ Reviewed by The Collector on Wednesday, August 24, 2016 Rating: 5

No comments