ဆမ်ဆောင်း Note 7 စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ ရောင်းချမည်


 ဆမ်ဆောင်း၏ ထုတ် ကုန်သစ် Note 7 ကို လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ရန် ကုန်နှင့်မန္တလေးမြို့များ၌ ဝယ်ယူ သူများအတွက် လုံလောက်သော ပမာဏဖြင့် ရောင်းချမည်ဖြစ် ကြောင်း ဆမ်ဆောင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလက ဆမ်ဆောင်း Note 7ကို သြဂုတ် ၂၁ ရက်တွင် စတင်ရောင်းချမည်ဟု ကြေညာခဲ့သော်လည်း ဝယ်ယူသူများအတွက် လုံလောက်သည့်ပမာဏမရှိ၍ ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ IT&Mobile ဌာန အကြီးအကဲ ဦးဇာနည်ဝင်းထက်က ပြောသည်။

‘‘စတင်ရောင်းချတဲ့ရက်မှာ အလုံးရေဘယ်လောက်လဲဆိုတာ ထုတ်ဖော် ပြောကြားလေ့မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်နဲ့ မန္တလေး မှာလုံလောက်တဲ့ပမာဏအထိ ရောင်းချသွားမယ်။ အဲဒီအတွက် ရက်ရွှေ့ခဲ့တာပါ’’ဟု ၎င်းကဆိုသည်။


ဆမ်ဆောင်းကုမ္ပဏီသည် ရေစိုခံစမတ်ဖုန်း Note 7 ကို မြန်မာနိုင်ငံအတွက် တရားဝင်ရောက်ရှိလာပြီဖြစ်ကြောင်း သြဂုတ် ၂၁ ရက်က မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ Melia Hotel ( မြန်မာပလာဇာအနီး)နှင့် မန္တလေးမြို့ရှိ Skywalk ဈေးဝယ်စင်တာ၌ ကျပ်ငွေကိုးသိန်းနှစ်သောင်းဖြင့် ဝယ်ယူနိုင်သည်။

ဂလက်ဇီ Note 7 ကို ရွှေ၊ ငွေ၊ အနက် အရောင်သုံးမျိုးရရှိ နိုင်ပြီး စတင်ရောင်းချမည့်ရက် တွင် ဝယ်ယူသူများအနေဖြင့် ကျပ်ရှစ်သောင်း တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများ ရရှိနိုင်ကြောင်းနှင့် ၃၂ လက်မ အရွယ်အစားရှိ ဆမ်ဆောင်း LED တီဗီအလုံး ၅၀၀ မဲဖောက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Note 7 သည် မျက်လုံးဖြင့် Scan ဖတ်ကာ ဖုန်း Lock Screen ကိုဖွင့်နိုင်သည့်စနစ်ပါဝင်ပြီး ဖုန်း ၏ အကြမ်းခံနိုင်မှု အားကောင်း စေရန် ရှေ့နှင့်နောက်ကျောဘက် များတွင် Gorilla Galss 5 ကို အသုံးပြုထားကြောင်း သိရသည်။

ရေအနက်ငါးပေတွင် နာရီ ဝက်ကြာ ရေစိုခံနိုင်ပြီး Android Version 6.0 ကို အသုံးပြုထား ကာ Ram 4GB ထည့်သွင်းထား သည်။ သိုလှောင်နိုင်စွမ်းအတွက် 64 GB ပါဝင်ပြီး အချိန်ကြာကြာ အသုံးပြုနိုင်ရန် 3500 mAh ဘက်ထရီပါဝင်သည်။

ဆမ်ဆောင်း Note 7 စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ ရောင်းချမည် ဆမ်ဆောင်း Note 7 စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ ရောင်းချမည် Reviewed by The Collector on Saturday, August 13, 2016 Rating: 5

No comments