မိုဘိုင်းဆင်းမ်ကတ်များကို အွန်လိုင်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းများမှပါ မှတ်ပုံတင်နိုင်အောင်ဆောင်ရွက်မည်


ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လကုန် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။(ဓာတ်ပုံ−နစ်ကီ)

 မိုဘိုင်ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းကို အော်ပရေတာများ၏ တရားဝင်အရောင်းဆိုင်များသာမက အွန်လိုင်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့်ပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

 လက်ရှိတွင် အော်ပရေတာ အသီးသီး၏ နီးစပ်ရာအရောင်း ဆိုင်များတွင် ဆင်းမ်ကတ်မှတ်ပုံ တင်ခြင်းကို ပြုလုပ်နိုင်ပြီးနောက် ပိုင်း၌ အွန်လိုင်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းမှ လွယ်ကူစွာပြုလုပ်နိုင်ရန် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီသုံးခုနှင့် ဆွေးနွေးထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

‘‘ဒီကိစ္စအတွက် အော်ပရေ တာတွေနဲ့ တောက်လျှောက်ညှိ နှိုင်းလာခဲ့တာ။ ၂၀၁၄ နှစ်ကုန်ပိုင်း လောက်ကတည်းက စခဲ့တာ။ ပြည်သူတွေ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်နိုင်ဖို့အတွက်နောက် ပိုင်းမှာ အွန်လိုင်းတို့၊ အက်ပလီ ကေးရှင်းတို့ကနေ မှတ်ပုံတင်နိုင် ဖို့ ဆွေးနွေးထားပြီးဖြစ်ပါတယ်’’ ဟု ၎င်းကရှင်းပြသည်။


ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မိုဘိုင်းဖုန်းဆင်းမ် ကတ်များကို မှတ်ပုံတင်(SIM Card Registration)ပြုလုပ်ကြရန်  နှင့် ၂၀၁၇ မတ်လကုန်တွင် မှတ် ပုံတင်ခြင်းမပြုလုပ်ရသေးသော ဆင်းမ်ကတ်များကို ယာယီဝန် ဆောင်မှုရပ်စဲမည်ဟု သတင်း ထုတ်ပြန်ထားပြီး ပြည်သူများအ တွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို လွယ်ကူစွာပြုလုပ်နိုင်ရေးအ တွက် စီစဉ်ပေးရန်လိုအပ်ကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူအချို့ကပြော သည်။

‘‘သူတို့အနေနဲ့ (အော်ပရေ တာများ)နီးစပ်ရာဖုန်းအရောင်း ဆိုင်တွေမှာ ဆင်းမ်ကတ်မှတ်ပုံ တင်ဖို့အတွက် သီးသန့်ကောင် တာလေးတွေထားပေးထားတာ မျိုးတွေ၊ နောက်ပြီးတော့ အွန် လိုင်းကနေ မှတ်ပုံတင်နိုင်ဖို့အတွက် အလွယ်တကူလုပ်နိုင်ဖို့အတွက် ၀က်ဘ်ဆိုက်တွေလည်း လုပ်ပေးသင့်ပါတယ်’’ဟု ကိုခိုင်စိုးအောင်က မှတ်ချက်ပြုသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို ပြည်သူများအတွက် အဆင်ပြေစေရန် လုပ်ဆောင်ပေးသင့်ပြီး ယင်းကဲ့သို့ စီစဉ်မပေးဘဲ ဆက်သွယ်ရေး ၀န်ဆောင်မှုဖြတ်တောက်ခြင်းများပြုလုပ်မည်ဆိုပါက ၀န်ကြီးဌာနအပေါ်မေးခွန်းထုတ် အပြစ်တင်ရမည်ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်း ကိုလင်းသော်အောင်က ၎င်း၏အမြင်ကို ပြောသည်။

‘‘အော်ပရေတာတွေအနေနဲ့ ဆင်းမ်ကတ်တွေအပြိုင်အဆိုင် ရောင်းတုန်းကလိုမျိုးပဲ။ နီးစပ်ရာ ဖုန်းဆိုင်တိုင်း မှတ်ပုံတင်နိုင် အောင် စီစဉ်ပေးဖို့ကောင်းတယ်။ အဲဒီလိုမဟုတ်လည်း အွန်လိုင်းက နေ မှတ်ပုံတင်နိုင်အောင်ပြုလုပ် ပေးသင့်ပါတယ်။ ခုခေတ်မှာမြို့ နေလူတန်းစားနဲ့ ကျေးလက်တွေ ပါ အင်တာနက်ကိုသုံးနေပြီပဲ။ ပြီးတော့ ဆင်းမ်ကတ်ဝယ်ရတာ လွယ်ပြီး မှတ်ပုံတင်လုပ်ရတာ ခက်နေတာရင်တော့ မဟုတ်သေး ဘူးလေ။ ပြောချင်တာက မှတ်ပုံ တင်လုပ်နိုင်မယ့်နေရာတွေကို များများလုပ်ပေးဖို့နဲ့ အွန်လိုင်းကနေ လုပ်နိုင်အောင် စီစဉ်ပေးဖို့ပါပဲ’’ဟု ဧည့်လမ်းညွှန်ကိုရန်နိုင်ဦးက ဆိုသည်။

 ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာသုံးခုအနက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့်တယ်လီနောမြန်မာတို့သည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို နီး စပ်ရာဆိုင်များ၌ လွယ်ကူစွာပြု လုပ်နိုင်ရန် လတ်တလောလုပ် ဆောင်မည်ဖြစ်ပြီး တယ်လီနောမြန်မာသည် အခြားနည်းလမ်းနှင့် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ကြိုးစားနေကြောင်း တာဝန်ရှိသူများကဆိုသည်။ အူရီးဒူးမြန်မာကုမ္ပဏီအားဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ စီစဉ်ထားမှုကို မေးမြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။

မိုဘိုင်းဆင်းမ်ကတ်များကို အွန်လိုင်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းများမှပါ မှတ်ပုံတင်နိုင်အောင်ဆောင်ရွက်မည် မိုဘိုင်းဆင်းမ်ကတ်များကို အွန်လိုင်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းများမှပါ မှတ်ပုံတင်နိုင်အောင်ဆောင်ရွက်မည် Reviewed by The Collector on Thursday, August 04, 2016 Rating: 5

No comments