အူရီးဒူးက ကန်ဒေါ်လာ နှစ်ဘီလီယံကျော် မြှုပ်နှံထားသော်လည်း အမြတ်အစွန်းမရသေးဟု အမှုဆောင်အရာရှိပြော


အူရီးဒူးအမှုဆောင်အရာရှိချုပ် မစ္စတာရီနေးမီဇာ(ဓာတ်ပုံ−ထက်အာကာကျော်)

အူရီးဒူးမြန်မာကုမ္ပဏီ သည် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍ၌ အမေရိကန်ဒေါ်လာ နှစ် ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိအချိန်အထိ အမြတ်ငွေမရရှိ သေးဟု  အမှုဆောင်အရာရှိချုပ် မစ္စတာရီနေးမီဇာက  ပြောကြား သည်။

အူရီးဒူးမြန်မာကုမ္ပဏီသည် ၂၀၁၄ ကစ၍ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ တိုးချဲ့ ထားကြောင်းနှင့် ပြီးခဲ့သည့် သုံးလ အတွင်း သုံးစွဲသူဦးရေ ၁ ဒသမ ၃ သန်း တိုးတက်မှုရှိလာကြောင်း ယင်းကုမ္ပဏီ ဒုတိယလေးလပတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

‘‘ဆက်သွယ်ရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံတယ်ဆိုတာ နှစ်ရှည် စီမံကိန်းတစ်ခုပါ။ ကျွန်တော်တို့ ဒီကို ဝင်လာတာ ၂ နှစ်ကျော်သာ ရှိသေးတာကြောင့် အမြတ်ငွေရရှိ ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သေး ပါဘူး’’ဟု အူရီးဒူးမြန်မာ အမှု ဆောင်အရာရှိချုပ်က ဆိုသည်။


အူရီးဒူးမြန်မာကုမ္ပဏီသည် 3G နှင့် 4G ဆက်သွယ်ရေးစနစ် များကို ဝန်ဆောင်မှုပေးနေပြီး ယခုနှစ်အကုန်တွင် ဆက်သွယ်ရေး တာဝါတိုင် ၄,၅၀၀ ရှိလာရန်နှင့် ဖိုက်ဘာကေဘယ် ၁၃,၀၀၀ ကီလိုမီတာရှိလာရန် တိုးချဲ့လုပ်ဆောင် မည်ဟု ဆိုသည်။

 တစ်နိုင်ငံလုံးတွင် အူရီးဒူး သုံးစွဲသူ ၈ ဒသမ ၂ သန်းကျော်ရှိ နေပြီး ၎င်းတို့ထဲမှ ၈၀ ရာခိုင်နှုန်း ခန့်သည် ဖုန်းပြောဆိုဆက်သွယ်မှု ထက် အင်တာနက်အသုံးပြုမှုကို ပိုမိုပြုလုပ်ကြောင်း မစ္စတာရီနေး မီဇာက ပြောကြားသည်။

အူရီးဒူးမြန်မာသည် ပြည် တွင်း၌ 4G စနစ်ကို ပထမဆုံး မိတ်ဆက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ မြို့နယ် ၅၁ ခု ၌ ဝန်ဆောင်မှုပေးထားကာ 4G အသုံးပြုသူအရေအတွက် ၄ ဒသမ၆ သန်းရှိကြောင်း သတင်းထုတ် ပြန်ထားသည်။

အူရီးဒူးက ကန်ဒေါ်လာ နှစ်ဘီလီယံကျော် မြှုပ်နှံထားသော်လည်း အမြတ်အစွန်းမရသေးဟု အမှုဆောင်အရာရှိပြော အူရီးဒူးက ကန်ဒေါ်လာ နှစ်ဘီလီယံကျော် မြှုပ်နှံထားသော်လည်း အမြတ်အစွန်းမရသေးဟု အမှုဆောင်အရာရှိပြော Reviewed by The Collector on Saturday, August 06, 2016 Rating: 5

No comments