ဘက်စုံသုံး NEC တက်ဘလက်ကွန်ပျူတာ ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူနိုင်


 ဂျပန်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီက ထုတ်လုပ် ထားသည့် ကွန်ပျူတာအစားထိုး အသုံးပြုနိုင်သော တန်ဖိုးသင့် ဘက်စုံသုံးတက်ဘလက် ကွန်ပျူ တာ NEC Tablet PC ကို ပြည် တွင်းဈေးကွက်တွင် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။

 NEC Tablet PC တွင် ကြီး မား ကျယ်ပြန့်သော ၁၂ လက်မခွဲ အရွယ်ရှိ (Wide TFT) မျက်နှာပြင် တပ်ဆင်ထားပြီး Microsoft ၏ Window 8.1 စနစ်ဖြစ်၍ လုပ်ငန်း သုံး၊ ကျောင်းသုံး၊ ရုပ်ရှင်ကြည့်၊ ဂိမ်းကစားခြင်းစသည့် ကဏ္ဍစုံ အသုံးပြုနိုင်မည်ဖြစ်သည်။


ဘက်စုံအသုံးပြုနိုင်စေရန် အလတ်တန်းစားကွန်ပျူတာ တစ် လုံးအဖြစ် စွမ်းဆောင်မှုရရှိစေမည့် Intel HD Graphic နှင့် အချက်အ လက်များ သိမ်းဆည်းနိုင်စေရန် အချက်အလက် ကူးပြောင်းမှု လျင်မြန်သော 128GB SSD မှတ် ဉာဏ်ကို ထည့်သွင်းထားသည်။

NEC Tablet PC သည် မျက်နှာပြင် ကြီးမား၍ ကြာရှည် စွာ အသုံးပြုနိုင်ရန် တစ်ခါအား သွင်းထားရုံဖြင့် ကိုးနာရီကြာ အ သုံးပြုနိုင်မည့် ဘက်ထရီကို ထည့် သွင်းထားပြီး ကွန်ပျူတာတစ်လုံး အနေဖြင့်ပါ အသုံးပြုနိုင်ရန် အ ဆိုပါ Tablet ၀ယ်ယူသည့်အခါ တွဲဖက်အသုံးပြုနိုင်မည့် Key- board, Mouse, Stand နှင့် ထိတွေ့အသုံးပြုနိုင်သော စမတ် ဘောပင်တို့ပါ ထည့်သွင်းပေး ထားသည်။

NEC Tablet PC ကို ၂၇၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး အာမခံတစ်နှစ်ပါရှိကာ နိုင်ငံတစ်ဝန်းရှိ KMD အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ကြောင်း သတင်းရရှိသည်။

ဘက်စုံသုံး NEC တက်ဘလက်ကွန်ပျူတာ ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူနိုင် ဘက်စုံသုံး NEC တက်ဘလက်ကွန်ပျူတာ ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူနိုင် Reviewed by The Collector on Friday, August 26, 2016 Rating: 5

No comments