ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ခရီးစဉ်တွင် ဝန်ကြီးသုံးဦးနှင့် ဟာဝေးကုမ္ပဏီအရာရှိများ နည်းပညာကဏ္ဍဆွေးနွေး


ဘေဂျင်းမြို့ရှိ နိုင်ငံတော်ဧည့်ရိပ်သာတွင် ဟွာဝေးကုမ္ပဏီတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးများတွေ့ဆုံစဉ်(ဓာတ်ပုံ−ဟွာဝေး)

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဟွာဝေးနည်းပညာကုမ္ပဏီသည် ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့်သီး သန့်တွေ့ဆုံခဲ့ပြီး e-Govern- ment နှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုး ရေး ဆွေးနွေးခဲ့ကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ဟွာဝေးကုမ္ပဏီသည် ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များနှင့် သီးသန့်တွေ့ဆုံပြီး မြန်မာ နိုင်ငံ၏စီးပွားရေးကဏ္ဍဖွံ့ဖြိုးမှုကို အားပေးရေး၊ သတင်းအချက်အ လက်နှင့်ဆက်သွယ်ရေး နည်းပ ညာတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

‘‘ဝန်ကြီးဌာနအသီးသီးမှ အ ကြီးအကဲများနဲ့ အခုလိုမျိုးတွေ့ဆုံ ခွင့်ရပြီး အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခွင့်ရခဲ့တဲ့အတွက် အထူး ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်’’ ဟု ဟွာဝေးကုမ္ပဏီအစိုးရရေးရာ ဥက္ကဋ္ဌ Mr.Jimmy Pang က ပြောသည်။


မြန်မာအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Data ID Card System, e-Gove-rnment နှင့် ဒစ်ဂျစ်တယ် အစိုးရ မဟာဗျူဟာများနှင့်ပတ်သက်၍ ဟွာဝေးသည် နည်းပညာ၊ ဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်းစဉ်များအတွက် ကူညီဆောင်ရွက်ပေးမည်ဟုဆိုသည်။

‘‘e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟွာဝေးရဲ့ ကျယ်ပြန့်တဲ့အတွေ့အကြုံ နဲ့ ပံ့ပိုးမှုတွေက ကျွန်တော်တို့နိုင်ငံ အတွက် အရေးပါပါတယ်’’ဟု ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီး ဦးသန့်စင်မောင်ကပြောသည်။

e-Government ဖွံ့ဖြိုးလာ ရေးအတွက် အဆိုတင်သွင်းမှုအ ပြင် လျှပ်စစ်နှင့် စွမ်းအင်ကဲ့သို့ အဓိကကျသော အခြားကဏ္ဍများ ၌ ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက် ရန် မျှော်လင့်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ခရီးစဉ်တွင် ဝန်ကြီးသုံးဦးနှင့် ဟာဝေးကုမ္ပဏီအရာရှိများ နည်းပညာကဏ္ဍဆွေးနွေး ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ခရီးစဉ်တွင် ဝန်ကြီးသုံးဦးနှင့် ဟာဝေးကုမ္ပဏီအရာရှိများ နည်းပညာကဏ္ဍဆွေးနွေး Reviewed by The Collector on Wednesday, August 24, 2016 Rating: 5

No comments