eGovernment လုပ်ငန်းစဉ်အကောင်အထည်ဖော်ရန် သမ္မတပါဝင်သည့် စောင့်ကြည့်ကော်မတီဖွဲ့စည်းမည်


နေပြည်တော်ဝန်ထမ်းအချို့ ရုံးတက်လာစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

အစိုးရသစ်လက်ထက် e-Government လုပ်ငန်းစဉ်အ ကောင်အထည်ဖော်ဆောင်ရွက် ရန် နိုင်ငံတော်သမ္မတဦးဆောင် သော ကြီးကြပ်စောင့်ကြည့်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

e-Government စနစ်များ ပိုမိုထိရောက်အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်ပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေဖူးဗ ဆွေက လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ယင်းအဆိုကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လာရောက်ဖြေကြားကာ လွှတ် တော်က မှတ်တမ်းတင်စောင့် ကြည့်မည်ဟု စက်တင်ဘာ ၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

‘‘အဆိုကို အတည်ပြုရင် လုပ်မပေးတဲ့ အစိုးရက သမိုင်းတရားခံ ဖြစ်သွားမှာပေါ့။ ဒီအစိုးရလက် ထက်မှာ eGovernment အတွက် ဘတ်ဂျက်ကို ပြီးခဲ့တဲ့အစိုးရက ထည့်သွင်းရေးဆွဲခြင်းမရှိခဲ့ဘူး။ အဲဒါကြောင့် ဒီအစိုးရလက်ထက် မှာ eGovernment ကို လုပ်မယ်။ လုပ်တိုင်း အောင်မြင်တာမဟုတ် တော့ လွှတ်တော်ကို မှတ်တမ်း တင်စောင့်ကြည့်ဖို့ပဲ ဒုဝန်ကြီးက ပြောသွားတာ။ ဒါပေမဲ့ ဒီအစိုးရ လက်ထက်မှာ လုပ်မယ်လို့ ကတိ ပြုသွားပါတယ်’’ဟု ဦးနေဖူးဗဆွေ က ပြောသည်။


eGovernment လုပ်ငန်းစဉ် များကို ဦးဆောင်အကောင်အ ထည်ဖော်ဆောင်ရွက်မည့် ကြီး ကြပ်စောင့်ကြည့်မည့် ကော်မတီ ဖွဲ့စည်းရန် လိုအပ်မည်ဟု ဒုဝန် ကြီးက ဖြေကြားခဲ့ပြီး ယင်းကော် မတီအတွက် နိုင်ငံတော်သမ္မတရုံး ထံ တင်ပြထားပြီးဖြစ်ကြောင်း ဦး နေဖူးဗဆွေက ပြောသည်။

ယခင်အစိုးရလက်ထက်က အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အ ကူအညီဖြင့် ၂၀၁၄ တွင် eGo-vernment Master Plan မူကြမ်းရေးဆွဲခဲ့ပြီး လက်ရှိ အခြေအနေ များနှင့် ကိုက်ညီမှုရှိစေရန် ပြည်ပပညာရှင်များ၊ ကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်း၍ ပြင်ဆင်ဖြည့် စွက်ရေးဆွဲခဲ့ကာ ဆက်လက်အ ကောင်အထည်ဖော် ဆောင်ရွက် ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက လွှတ်တော်၌ ဖြေကြားသည်။

နှစ်တိုကာလဖြင့် အစိုးရ၏ လုပ်ငန်းစဉ်များ၌ သင့်လျော်သည့်အကျိုးသက်ရောက်မှုရှိစေရေး၊ ပြည်သူလူထုနှင့် ထိတွေ့မှုပိုမို ကောင်းမွန်လာစေရေး၊ စီးပွားရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာ မှုရှိစေပြီး ပိုမိုရင်းနှီးမြှုပ်နှံလာနိုင် ရေးတို့ကို ဆောင်ရွက်မည်ဟု ဆိုသည်။ အလယ်အလတ်ကာလ တွင် အစိုးရ၊ ပြည်သူနှင့် လုပ်ငန်း ရှင်များ အွန်လိုင်းဖြင့် အပြန်အ လှန် ဆက်သွယ်ဆောင်ရွက်နိုင် မည့် လုပ်ငန်းစဉ်များ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကာ နှစ် ရှည်ကာလ၌ နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှာ အစိုးရ၏ eService များအသုံးပြုနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဦးကျော်မျိုးက ပြောကြားသည်။

အထက်ပါအဆိုကို ပြည်သူ့ လွှတ်တော်၌ နှစ်ရက်ကြာ လွှတ် တော်ကိုယ်စားလှယ် ၂၄ ဦးတို့က ထောက်ခံဆွေးနွေးခဲ့သည်။ ဦး သိန်းစိန်အစိုးရလက်ထက်တွင် လ ၂၀ စီမံချက်ဖြင့် eGovernment ကို အကောင်အထည်ဖော်လုပ် ဆောင်ခဲ့သော်လည်း ပြည်သူများ အတွက် အကျိုးသက်ရောက်မှု များစွာ မရှိခဲ့ဘဲ ဝေဖန်မှုများနှင့် သာ ပြီးဆုံးခဲ့သည်။

eGovernment လုပ်ငန်းစဉ်အကောင်အထည်ဖော်ရန် သမ္မတပါဝင်သည့် စောင့်ကြည့်ကော်မတီဖွဲ့စည်းမည် eGovernment လုပ်ငန်းစဉ်အကောင်အထည်ဖော်ရန် သမ္မတပါဝင်သည့် စောင့်ကြည့်ကော်မတီဖွဲ့စည်းမည် Reviewed by The Collector on Monday, September 19, 2016 Rating: 5

No comments