မန္တလေးတွင် Wifi တာဝါ တပ်ဆင်ခွင့်ပြု အဆောက်အအုံများကို အင်တာနက် အခမဲ့သုံးခွင့်ပေးရန် ကုမ္ပဏီတစ်ခုစီစဉ်


မန္တလေးမြို့ပေါ်ရှိ အဆောက်အအုံများကို တွေ့ရစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

 မန္တလေးတိုင်းရှိ အထပ် မြင့်အဆောက်အအုံနှင့် ဟိုတယ် ပိုင်ရှင်များသည် ၎င်းတို့၏ အ ဆောက်အအုံအမိုးပေါ်တွင် ကြိုး မဲ့အင်တာနက် (Wifi) ထုတ်လွှင့် သည့် တာဝါအငယ်စားများ တပ် ဆင်ခွင့်ပေးပါက 2MB မြန်နှုန်းရှိ အင်တာနက်ဝန်ဆောင်မှုကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ (MISP) မှ သတင်းရရှိသည်။

‘‘ပတ်ဝန်းကျင်မှာကိုယ့်အ ဆောက်အအုံက ခပ်မြင့်မြင့်လေး ဖြစ်နေရင် ရပြီဖြစ်ပါတယ်။ တာ ၀ါက သိပ်မကြီးတဲ့အတွက် အ ဆောက်အအုံအမိုးပေါ်မှာ သုံးပေ ပတ်လည်လောက်နေရာလွတ် လေးရှိရင် ရပြီဖြစ်ပါတယ်။ တာ ၀ါတပ်ဆင်ခွင့်အတွက် အနည်း ဆုံး သုံးနှစ်ကနေ ငါးနှစ်အတွင်း စာချုပ်ချုပ်မှာဖြစ်ပြီး စာချုပ်ကာ လအတွင်းမှာ အခမဲ့အင်တာနက် အသုံးပြုခွင့်ရမှာဖြစ်ပါတယ်’’ဟု MISP က ၀န်ဆောင်မှု အင်ဂျင်နီ ယာကိုပြည့်ဖြိုးသူကပြောသည်။

 ကြိုးမဲ့အင်တာနက် တပ် ဆင်ခွင့် သဘောတူမည့် အ ဆောက်အအုံပိုင်ရှင်များအနေ ဖြင့် ကနဦးတွင် တစ်နှစ်အတွင်း 2MB မြန်နှုန်းရှိသော အင်တာနက်လိုင်းကို အကန့်အသတ်မရှိ အသုံးပြုခွင့်ရမည်ဖြစ်ပြီး တစ်နှစ်ထက်ကျော်လွန်ပါက 2MB ထက်ပို၍ မြန်သောအင်တာနက်လိုင်းကို အကန့်အသတ်မရှိအသုံးပြုခွင့် ရရှိမည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ပို၍မြန်သော အင်တာနက်လိုင်းကိုအခမဲ့ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း MISP ကုမ္ပဏီမှ သိရသည်။


‘‘အင်တာနက်မြန်နှုန်းက အ စပိုင်းမှာ 2MB ပဲရပေမယ့် နှစ် ကြာလာတာနဲ့အမျှ မြန်နှုန်းတွေ ကို တိုးမြှင့်ပေးသွားမှာဖြစ်ပါ တယ်။ သူ့ပတ်ဝန်းကျင်မှာသုံးတဲ့ လူ ပိုများလာတယ်ဆိုရင်လည်း အဲဒီအဆောက်အအုံပိုင်ရှင်ကို ပို  ကောင်းတဲ့ဝန်ဆောင်မှုတွေ အခ မဲ့ ပေးမှာဖြစ်ပါတယ်။ အဆောက် အအုံ တစ်ခုနဲ့တစ်ခုတော့ မတူနိုင် ပါဘူး’’ဟု ကိုပြည့်ဖြိုးသူက ရှင်း ပြသည်။

MISP အနေဖြင့် အဆိုပါ တာဝါငယ်များ တပ်ဆင်မှုကြောင့် ကျန်းမာရေးအတွက် ထိခိုက်မှုမရှိ ကြောင်း အာမခံမည်ဖြစ်ပြီး လက် ရှိတွင် အသုံးပြုသူပေါင်း ၅၀ ခန့် အား ကြိုးမဲ့အင်တာနက် ၀န် ဆောင်မှုများ စတင်ပေးနေသည်။

မန္တလေးတွင် Wifi တာဝါ တပ်ဆင်ခွင့်ပြု အဆောက်အအုံများကို အင်တာနက် အခမဲ့သုံးခွင့်ပေးရန် ကုမ္ပဏီတစ်ခုစီစဉ် မန္တလေးတွင် Wifi တာဝါ တပ်ဆင်ခွင့်ပြု အဆောက်အအုံများကို အင်တာနက် အခမဲ့သုံးခွင့်ပေးရန် ကုမ္ပဏီတစ်ခုစီစဉ် Reviewed by The Collector on Tuesday, September 20, 2016 Rating: 5

No comments