MPT အမှတ်တံဆိပ် စမတ်ဖုန်းနှစ်မျိုး စတင်မိတ်ဆက်


MPT အမှတ်တံဆိပ် စမတ်ဖုန်း မိတ်ဆက်ပွဲအား စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။(ဓာတ်ပုံ− ထက်အာကာကျော်)

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ၎င်းတို့၏ အမှတ်တံဆိပ်ဖြင့် ပထမဆုံးစမတ်ဖုန်းထုတ်ကုန်နှစ်မျိုးကို စက်တင်ဘာ ၉ ရက်က စတင်မိတ်ဆက်သည်။

MPT သည် ကျပ် ၃၂,၀၀၀ တန် M40 နှင့် ကျပ် ၉၉,၀၀၀ တန် M50 စမတ်ဖုန်းတို့ကို ဈေးကွက် အတွင်း စတင်ဝယ်ယူနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော်တို့ ဒီဖုန်းတွေကို ထုတ်လုပ်လိုက်တာက ပြည်သူ တွေအကုန်လုံး ဈေးနှုန်းသက်သာ စွာ ဝယ်ယူအသုံးပြုနိုင်ဖို့အတွက် ပါ။ M40 က ဖုန်းစစချင်းကိုင် မယ့်သူတွေအတွက် အဆင်ပြေ နိုင်ပြီး M50 ကတော့ စွမ်းဆောင် ရည်မြင့် အသုံးပြုချင်သူတွေအ တွက် ထုတ်လုပ်ထားပါတယ်’’ဟု MPT-KSGM Joint Operation ၏ စီးပွားရေးအရာရှိချုပ် မစ္စတာ Koichi Kawase ကပြောသည်။


အဆိုပါစမတ်ဖုန်း ဝယ်ယူ သူများအတွက် အင်တာနက်ဒေ တာပရိုမိုးရှင်းပေးထားပြီး M40 ကို ဝယ်ယူ၍ ဖုန်းဘီလ်တစ်ထောင် ကျပ်ထည့်သွင်းလျှင် လစဉ် 775MB ကို ခြောက်လဆက်တိုက်ရရှိ ခြင်း၊ M50 ကိုဝယ်ယူ၍ ဖုန်းဘီလ်သုံးထောင်ကျပ် ထည့်သွင်းလျှင် လစဉ် 2.5 GB ကို ခြောက်လဆက် တိုက်ရရှိခြင်း စသည့် အစီအစဉ် များခံစားရမည်ဖြစ်သည်။

M40 စမတ်ဖုန်းသည် ၄ လက်မမျက်နှာပြင်အရွယ်အစား ရှိပြီး M50 စမတ်ဖုန်းမှာ ၅ လက် မမျက်နှာပြင်အရွယ်အစားရှိကာ ယင်းစမတ်ဖုန်းနှစ်မျိုးစလုံးတွင် Quad-Core 1.2 GHz CPU နှင့် Android Version 5.1 OS တို့ကို အသုံးပြုထားသည်။ နှစ်မျိုးစလုံး မှာ Daul Sim အမျိုးအစားဖြစ်ပြီး M40 ၏ RAM မှာ 512MB နှင့် M50 ၏ RAM မှာ 1GB ဖြစ်သည်။ကင်မရာပိုင်းအနေဖြင့် M40 သည်ရှေ့ဘက် 0.3MP နှင့် နောက်ကျောဘက် 2MP ရှိပြီး M50 သည် ရှေ့ဘက် 5MP နှင့် နောက်ကျောဘက် 8MP ရှိသည်။

အာမခံတစ်နှစ်ပါဝင်ပြီး ချို့ယွင်းပျက်စီးသွားသော ဖုန်းများအတွက်Service Center ၁၈ ခုနှင့်တာဝန်ယူ ပို့ဆောင်ပေးသော Co-llection Point ၁၀၄ ခု ဖွင့်လှစ်ထားသည်။

MPT အမှတ်တံဆိပ် စမတ်ဖုန်းနှစ်မျိုး စတင်မိတ်ဆက် MPT အမှတ်တံဆိပ် စမတ်ဖုန်းနှစ်မျိုး စတင်မိတ်ဆက် Reviewed by The Collector on Saturday, September 10, 2016 Rating: 5

No comments