Samsung Note 7 ဖုန်းများ သယ်ဆောင်ခွင့်မပြုကြောင်း Vietjet လေကြောင်းလိုင်းထုတ်ပြန်


REUTERS

ရန်ကုန်-ဟိုချီမင်းခရီး စဉ်ပြေးဆွဲနေသည့် ဗီယက်နမ်အ ခြေစိုက်နိုင်ငံတကာလေကြောင်း လိုင်း Vietjet သည် Samsung Galaxy Note 7 စမတ်ဖုန်းများ ကို ၎င်းတို့၏ လေယာဉ်ပေါ် သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။

နိုင်ငံတကာသတင်းဌာနများ ၏ ဖော်ပြချက်များအရ Note 7 စမတ်ဖုန်းများသည် အားသွင်း ထားစဉ်ပေါက်ကွဲ၍ မီးလောင် သည့် ဖြစ်စဉ်အချို့ကို တွေ့လာရ ခြင်းကြောင့် ယင်းစမတ်ဖုန်းများ ကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အပြင် နောက်ထပ်ညွှန် ကြားချက်တစ်ခု ထွက်မလာမချင်း မည်သည့်စမတ်ဖုန်းအမျိုးအစား ကိုမဆို လေယာဉ်ပေါ်တွင် အသုံး ပြုခြင်းနှင့် အားသွင်းခြင်းများမပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်းက ဆိုသည်။

Note 7 မှလွဲ၍ အခြားစမတ် ဖုန်းများကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ သတိပေးချက်ကို www.vietjetair.com တွင်လည်း ကောင်း၊ မြန်မာနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံရှိ Vietjet ၏ check-in ကောင်တာများတွင် လည်း ကောင်း၊ နိုင်ငံတကာလေဆိပ်များ တွင်လည်းကောင်းထုတ်ပြန်ထား ပြီး Vietjet လေယာဉ်များပေါ်ရှိ တီဗီများ၌လည်း ထုတ်ပြန်မည်ဟု ဆိုသည်။

Vietjet လေကြောင်းလိုင်း သည် ၂၀၁၅ တွင် ဟိုချီမင်း-ရန်ကုန်ခရီးစဉ်ကို မြန်မာနိုင်ငံ၏ ခရီးစဉ်သစ်အဖြစ် စတင်ပြေးဆွဲခဲ့ပြီး အဆိုပါခရီးစဉ်မှ အခြေခံကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာခရီးစဉ်သစ်များ ထပ်မံတိုးချဲ့ ပြေးဆွဲနေသည်။

Samsung Note 7 ဖုန်းများ သယ်ဆောင်ခွင့်မပြုကြောင်း Vietjet လေကြောင်းလိုင်းထုတ်ပြန် Samsung Note 7 ဖုန်းများ သယ်ဆောင်ခွင့်မပြုကြောင်း Vietjet လေကြောင်းလိုင်းထုတ်ပြန် Reviewed by The Collector on Saturday, September 17, 2016 Rating: 5

No comments