အမ်ပီတီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် 4G ဟန်းဆက် မိတ်ဆက်


3G စနစ်သုံး M50 ဟန်းဆက်များ မိတ်ဆက်သည့်အခမ်းအနား(ဓာတ်ပုံ−မြင်ကျော်လှိုင်)

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် 4G ဟန်းဆက် များကို ဈေးကွက်အတွင်း ဖြန့်ချိ ထားကြောင်း မတ်လ ၁၇ ရက်က ကြေညာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးသည် 4G ကွန်ရက်ကို ရန်ကုန်မြို့၌ တည်နေရာအကန့်အသတ်ဖြင့် မိတ်ဆက်ထားသော်လည်း ကိုယ် ပိုင်အမည်ဖြင့် ဟန်းဆက်များကို ဈေးကွက်အတွင်းသို့ ကြိုတင်ဖြန့် ချိခဲ့သည်။


 တရုတ်နိုင်ငံ အခြေစိုက် မိုဘိုင်းကုမ္ပဏီတစ်ခုနှင့် ချိတ် ဆက်၍ MPT အမည်ဖြင့် 2G နှင့် 3G အသုံးပြုနိုင်သော M40 နှင့် M50 ဟန်းဆက်နှစ်မျိုးကို ၂၀၁၆ စက်တင်ဘာအတွင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိတ်ဆက်ခဲ့ပြီး ၂၀၁၇ မတ်လအတွင်း 4G ကွန်ရက်၌ အသုံးပြုနိုင်သော M50A ကို စတင်မိတ်ဆက်ခဲ့သည်။

‘‘3G ကွန်ရက်သုံး M50 က ရောင်းအားအရမ်းကောင်းခဲ့ တယ်။ စက်ရုံကထွက်လာသ လောက်ကို ရောင်းခဲ့ရတယ်’’ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ထုတ်ကုန်ဌာနမှ တာဝန်ရှိသူက ပြောသည်။ အသစ်ထပ်မံမိတ် ဆက်ခဲ့သည့် 4G ကွန်ရက်သုံး M50A ဟန်းဆက်ကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက ခြောက်လ အတွင်း ပရိုးမိုးရှင်းဈေးနှုန်း ၈၉,၀၀၀ ကျပ်ဖြင့်ရောင်းချမည် ဟု ကြေညာထားသည်။

မျက်နှာပြင်အကျယ် ငါး လက်မရှိသည့် MPT 4G ဟန်း ဆက်ကို တွင်ကျယ်စွာအသုံးပြု နိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် အစိုးရထံမှ လှိုင်းနှုန်း စဉ် ထပ်မံရရှိသည့်အခါ 4G ကွန် ရက် တိုးချဲ့လုပ်ဆောင်မည်ဟု သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိတ်ဆက်ခဲ့သည့် ဟန်းဆက်များသည် အခြားသော ဆက်သွယ်ရေး  အော်ပရေတာ များ မိတ်ဆက်ခဲ့သည့် ဟန်းဆက် များနှင့် တူညီမှုမရှိကြောင်း၊ ဟန်း ဆက်များသည် ကိုယ်ပိုင်အမှတ် တံဆိပ်တစ်ခုတည်းကိုသာ ထင် ရှားစွာ ပါဝင်သည့်အပြင် MPT ဆင်းမ်ကတ်ကို Slot 1 အတွင်း မဖြစ်မနေ ထည့်သွင်းအသုံးပြုမှ သာ ကွန်ရက်ကိုချိတ်ဆက်နိုင် ကြောင်း စုံစမ်းသိရသည်။

 ဆက်သွယ်ရေးအော်ပရေ တာများအနေဖြင့် 4G ကွန်ရက်ကို လှိုင်းနှုန်းစဉ်အခက်အခဲကြောင့် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသော်လည်း ဟန်းဆက်များကို ဈေးကွက်အတွင်း စတင်ဖြန့်ချိနေပြီဖြစ်သည်။ ‘‘အော်ပရေတာတွေအနေနဲ့ ဟန်းဆက်ဈေးကွက်ကို စီးပွားဖြစ်ကြီးတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။ ၀န်ဆောင်မှုတစ်ခုလောက်ပါပဲ’’ဟု တယ်လီနော၏ ယခင်စီအီးအိုက မှတ်ချက်ပြုသည်။

အမ်ပီတီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် 4G ဟန်းဆက် မိတ်ဆက် အမ်ပီတီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် 4G ဟန်းဆက် မိတ်ဆက် Reviewed by The Collector on Monday, March 20, 2017 Rating: 5

No comments