My Play မိုဘိုင်းဂိမ်းကုမ္ပဏီတွင် သြစတြေးလျ iSentric ကုမ္ပဏီရင်းနှီးမြှုပ်နှံ


 မြန်မာနိုင်ငံအခြေစိုက် My Play မိုဘိုင်းဂိမ်းကုမ္ပဏီတွင် သြစတြေးလျနိုင်ငံ အခြေစိုက် iSentric ကုမ္ပဏီက ငွေကြေးရင်း နှီးမြှုပ်နှံခဲ့ကြောင်း My Playကုမ္ပဏီ မန်နေဂျာကိုစိုင်းပြည့်ဖြိုး ဟန်က ပြောသည်။

‘‘ငွေကြေးဘယ်လောက်ရင်း နှီးမြှုပ်နှံတာလဲဆိုတာတော့ ကျွန်တော်တို့မပြောလိုဘူး။ သဘောတူညီထားတာတွေတော့ ရှိတယ်။ဒါပေမဲ့ တစ်လုံးတည်းရမှာလား၊အချိန်ကာလအလိုက် ရမှာလား ဆိုတာတွေတော့ မသိရသေးဘူး’’ ဟု ၎င်းက ပြောသည်။

My Play ကုမ္ပဏီသည် မြန်မာနိုင်ငံ၌  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပထမဆုံးရရှိသည့် ဂိမ်းကုမ္ပဏီ ဖြစ်ပြီး  လက်ရှိတွင်  ပြည်တွင်း ထုတ်ကုန်မိုဘိုင်းဂိမ်းများနှင့် အွန် လိုင်းဂိမ်းများကို ကမ္ဘာ့နိုင်ငံအနှံ့ သို့ ဖြန့်ချိထားသည်။


‘‘ရင်းနှီးမြှုပ်နှံမှုရလာတဲ့အ တွက် ကျွန်တော်တို့အခွင့်အရေး ပိုရလာတယ်။ အရှေ့တောင်အာ ရှဈေးကွက်ကိုလည်း ကျွန်တော်တို့မှန်းထားတာ အထောက်အကူဖြစ်လာတယ်။ အရည်အသွေးမီဂိမ်းတွေကို တိုးချဲ့ပြီးထုတ်လုပ် လာနိုင်မှာပါ’’ဟု ကိုစိုင်းပြည့်ဖြိုး ဟန်က ပြောသည်။

My Play ကုမ္ပဏီသည် Tokyo Game Show ၌ ဆိုက် ကားသမားငပိန်ဂိမ်းဆုရရှိခြင်း ဖြင့် နာမည်ကျော်ပြီး ၂၀၁၆ ၌ ဖြန့်ချိခဲ့သည့် Shan Koe Mee World ဂိမ်းသည်လည်း တစ်ရက် လျှင် လူ ၁,၀၀၀ Install လုပ်ခြင်းဖြစ် နာမည်ကျော်ကြားခဲ့သည်။

လက်ရှိတွင် ဂျပန်နှင့်ကိုရီး ယားနိုင်ငံများမှ အပ်နှံသည့် 3D အန်နီမေးရှင်း အရုပ်ရေးဆွဲခြင်းကို My Play က လုပ်ဆောင်နေပြီး iSentric က ရင်းနှီးမြှုနှံမှုရရှိသည့် အခါ အရှေ့တောင်အာရှဈေး ကွက်သို့ ဂိမ်းအသစ်များဆက် လက်ဖြန့်ချိမည်ဟု ကုမ္ပဏီမှ စုံစမ်းသိရသည်။

‘‘ဂိမ်းတွေကတော့ ရင်းနှီး မြှုပ်နှံမှုရလာလည်း ကျွန်တော်တို့ နာမည်နဲ့ပဲ ဆက်ထွက်နေမှာပါ’’ ဟု ကိုစိုင်းပြည့်ဖြိုးဟန်က ပြော ကြားသည်။

My Play ဂိမ်းကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုထည့်သွင်းခဲ့သည့် iSentric သည် အိုင်တီကုမ္ပဏီနှင့် ဂိမ်းကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှု လိုက်လံထည့်သွင်းနေသည့် ကုမ္ပ ဏီဖြစ်ပြီး စင်ကာပူနှင့် မလေးရှား နိုင်ငံများရှိ နည်းပညာကုမ္ပဏီများ ၌လည်း အစုရှယ်ယာများထည့် သွင်းထားသည်။

My Play မိုဘိုင်းဂိမ်းကုမ္ပဏီတွင် သြစတြေးလျ iSentric ကုမ္ပဏီရင်းနှီးမြှုပ်နှံ My Play မိုဘိုင်းဂိမ်းကုမ္ပဏီတွင် သြစတြေးလျ iSentric ကုမ္ပဏီရင်းနှီးမြှုပ်နှံ Reviewed by The Collector on Saturday, March 25, 2017 Rating: 5

No comments