Mate အမည်ရှိ ကျန်းမာရေးအက်ပလီကေးရှင်းမိတ်ဆက်


 မာရီစတုပ်စ်မြန်မာနှင့် ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောတို့ ပူးပေါင်းရေးဆွဲ သည့် ကျန်းမာရေးအက်ပလီ ကေးရှင်းကို ချင်းပြည်နယ်ကဲ့သို့ သော ဝေးလံသည့် အရပ်ဒေသ များသို့ သွားရောက်မိတ်ဆက်ခဲ့ ကြောင်း စုံစမ်းသိရသည်။

Mate အမည်ရှိ ကျန်းမာရေးအက်ပလီကေးရှင်းကို ဝေးလံ သည့်အရပ်ဒေသများ၌ မိုဘိုင်း ဖုန်းအတွင်း ထည့်သွင်းအသုံးပြု တတ်စေရန် တယ်လီနောက သွားရောက်မိတ်ဆက်ခဲ့သည်။ ချင်းပြည်နယ်ရှိ လူဦးရေ ၂၅၀ ကျော်ကို ကျန်းမာရေးအက်ပလီကေးရှင်းအသုံးပြုတတ်စေရန် ပထမဦးဆုံးအနေဖြင့် ရှင်းလင်းပြသခဲ့ပြီး အခြားသောဝေးလံသည့် အရပ်ဒေသများ၌ ကျန်းမာရေးအက်ပလီကေးရှင်းအသုံးပြုတတ်စေရန် တယ်လီနောက မိတ်ဆက်ပေးလျက်ရှိသည်။


‘‘ကျေးရွာတွေနဲ့ တော တောင်ထူထပ်တဲ့ဒေသတွေမှာ နေထိုင်သူတွေအတွက် ကျန်းမာ ရေးအခြေခံအဆောက်အအုံတွေ နဲ့ ကျန်းမာရေးဆိုင်ရာအကြံအ ဉာဏ်တွေရယူသုံးဖို့က စိန်ခေါ်မှု ကြီး  တစ်ခုဖြစ်နေပါတယ်’’ဟု တယ်လီနောမြန်မာ၏ စီးပွားရေး ဌာနမှ ဦးမင်းသူက ပြောကြား သည်။

 ဝေးလံသည့်အရပ်ဒေသ များ၌ မိတ်ဆက်ပေးနေသည့် Mate အက်ပလီကေးရှင်းသည် မှားယွင်းနေသည့် ကျန်းမာရေးအ ယူအဆများကို ပြန်လည်တည့် မတ်ပေးရန် ရည်ရွယ်ထားပြီး မိခင်နှင့် ကလေးကျန်းမာရေး၊ လိင်နှင့် မျိုးဆက်ပြန့်ပွားကျန်းမာရေးများ ကို ဦးစားပေးဖော်ပြထားသည်။

Mate အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူအသုံးပြုသူ ၆၀,၀၀၀ ရှိသည်ဟု တယ်လီနော မြန်မာက ကြေညာထားပြီး မြို့ နယ်ပေါင်း ၃၇ မြို့နယ်၌ မိုဘိုင်း ဖုန်းများအတွင်း ထည့်သွင်းအသုံး ပြုနေသည်ဟု စုံစမ်းသိရသည်။        အဆိုပါအက်ပလီကေးရှင်းကို ၂၀၁၅ အတွင်း စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ ၌ ကျန်းမာရေးဆိုင်ရာသတင်းများ၊ ကျန်းမာရေးဆိုင်ရာအကြံဉာဏ်တောင်းခံနိုင်သည့် ဖုန်းနံပါတ်များဖြင့် ပြန်လည်အဆင့်မြှင့်တင်ခဲ့သည်။

Mate အမည်ရှိ ကျန်းမာရေးအက်ပလီကေးရှင်းမိတ်ဆက် Mate အမည်ရှိ ကျန်းမာရေးအက်ပလီကေးရှင်းမိတ်ဆက် Reviewed by The Collector on Tuesday, March 14, 2017 Rating: 5

No comments