ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အော်ပရေတာများအရှိန်မြှင့်တင်


ဆင်းမ်ကတ်မှတ်ပုံတင်ရန် ပေးပို့လာသော မက်ဆေ့ခ်ျကို ဖတ်ရှုနေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

မှတ်ပုံတင်ထားခြင်းမရှိ သည့် ဆင်းမ်ကတ်များကို လိုင်း ပိတ်သိမ်းရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်တွင် ဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်းဖုန်းအသုံးပြုသူများကို မှတ်ပုံတင်ကြရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

 မိုဘိုင်းဆင်းမ်ကတ်များကို မတ်လ ၃၁ ရက် နောက်ဆုံးထား ၍ မှတ်ပုံတင်ကြရန် ဆက်သွယ်  ရေးညွှန်ကြားမှုဦးစီးဌာနက ကြေ ညာချက်ထုတ်ပြန်ထားသော ကြောင့် ဆက်သွယ်ရေးအော်ပရေ တာများသည် မိုဘိုင်းဖုန်းအသုံးပြု သူများကို နည်းလမ်းမျိုးစုံဖြင့် မှတ် ပုံတင်ကြရန် တိုက်တွန်းခဲ့သည်။


‘‘အခုဆိုရင်တော့ မှတ်ပုံလာ တင်တဲ့အရေအတွက် ပိုပိုများလာ တယ်။ ကျွန်တော်တို့က ဖေ့စ် ဘွတ်ခ်ကနေလည်း တင်လို့ရ အောင် ခွင့်ပြုလိုက်တော့ မှတ်ပုံ တင်တဲ့လူအရေအတွက် ပိုပိုများ လာတာ တွေ့ရတယ်။ အရမ်းများလို့ ဖေ့စ်ဘွတ်ခ်မှာ အခက်အခဲ လေးတွေတောင်ရှိနေတယ်’’ဟု တယ်လီနောမှ ပြန်ကြားရေးတာ ဝန်ခံ ကိုအဲလက်စ်က ပြောသည်။

 တယ်လီနော၌ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၉ သန်းရှိသည့်အ နက် ဖေဖော်ဝါရီအတွင်း မှတ်ပုံ တင်အသုံးပြုသူ ၇၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး မတ်လ၌ ဆင်းကတ်မှတ်ပုံ တင်အသုံးပြုသူ ၈၀ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ တယ်လီ နောနည်းတူ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် အူရီးဒူးတို့သည် လည်း မိုဘိုင်းဖုန်းအသုံးပြုသူများ ကို နည်းလမ်းမျိုးစုံဖြင့် မှတ်ပုံတင် နိုင်ရန် လုပ်ဆောင်ပေးခဲ့သဖြင့် နောက်ဆုံးမှတ်ပုံတင်ရန် ရက်ပိုင်း သာ ကျန်ရှိတော့သည့် အချိန်၌ လာရောက်မှတ်ပုံတင်သူ ပိုမိုများ ပြားခဲ့ကြောင်း စုံစမ်းသိရသည်။

 တယ်လီကွန်းဆက်သွယ် ရေးဈေးကွက်၌ စတင်ဖြန့်ဖြူး သည့် နည်းစနစ်ကြောင့် မှတ်ပုံ တင်ထားခြင်းမရှိသည့် ဆင်းမ် ကတ်များ ဈေးကွက်အတွင်း များ ပြားစွာ ရောက်ရှိနေခဲ့ပြီး အဆိုပါ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို သတ်မှတ်ရက်အတွင်း လာရောက်မှတ်ပုံ တင်ခြင်းမရှိပါက ယာယီပိတ် သိမ်းမှုပြုလုပ်ရန် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြား ခဲ့သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း သည် အသုံးပြုသူနှင့် မှတ်ပုံတင် အမည်စာရင်းကို မှန်ကန်မှုရှိစေ ရန်ဖြစ်ပြီး ကိုယ်စားအနေဖြင့် အ မည်ခံ၍ ဆင်းမ်ကတ်များကို မှတ် ပုံတင်ထားပေးသူများသည် အသုံးပြုသူ၏ကိုယ်စား တာဝန်ယူရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများသည် လာရောက်မှတ်ပုံ တင်ခြင်းမရှိသော ဆင်းမ်ကတ် များကို ညွှန်ကြားချက်အရ ယာယီပိတ်သိမ်းသည့်အခါ အသုံးပြုသူ အရေအတွက် လျော့ကျသွားမည် ဖြစ်၍ လက်ရှိအချိန်၌ ကိုယ်ပိုင် အရောင်းဆိုင်များတွင်သာမက အသုံးပြုသူထံ အရောက်သွား ရောက်၍ နည်းလမ်းမျိုးစုံဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ် ငန်းစဉ်ကို လုပ်ဆောင်နေသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အော်ပရေတာများအရှိန်မြှင့်တင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အော်ပရေတာများအရှိန်မြှင့်တင် Reviewed by The Collector on Friday, March 17, 2017 Rating: 5

No comments