မူးယစ်ဆေးမှုနှင့် ပြစ်မှုကြီးများ စုံစမ်းရန် အူရီးဒူးက လူ ၂၆ ဦး၏ ဖုန်းအချက်အလက်များ ထုတ်ပေးခဲ့ရ


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

၂ နှစ်ကျော်အတွင်း မူးယစ်ဆေးနှင့် ပြစ်မှုကြီးများနှင့် ပတ်သက်သည့် မိုဘိုင်းဖုန်း ၂၆ ခု၏ ခေါ်ဆိုထားမှု မှတ်တမ်းများ ကို အစိုးရထံထုတ်ပြန်ပေးခဲ့ရ ကြောင်း အူရီးဒူးမြန်မာမှ Mr.Christopher Peirce က ပြောသည်။

 ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် အော်ပရေတာက ထုတ်ပေးရန် တောင်းဆိုမှု စုစုပေါင်း၄၆ ခုရှိသော်လည်း အူရီးဒူးက ၂၆ ခုသာထုတ်ပေးခဲ့ကြောင်း သိရသည်။

‘‘ကြီးလေးတဲ့ ပြစ်မှုတွေဖြစ် တဲ့ လူသတ်မှုနဲ့ မူးယစ်ဆေးဝါး လို အမှုတွေစုံစမ်းစစ်ဆေးရာမှာ ဖုန်းခေါ်ဆိုထားတဲ့စာရင်း Call Log ကို ထုတ်ပြန်ပေးခဲ့တာပါ’’ ဟု Mr.Christopher Peirce က ပြောသည်။


 ဆက်သွယ်ရေးအော်ပရေ တာများအနက် ဖုန်းအသုံးပြုသူ အချက်အလက်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ တယ်လီနောက အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့သော်လည်း အူရီးဒူးသည် မို ဘိုင်းဖုန်းအသုံးပြုသူအချက်အ လက် ထုတ်ပေးခြင်းနှင့်ပတ်သက် ၍ ခေါ်ဆိုမှုမှတ်တမ်း ၂၆ ခု ထုတ်ပေးခဲ့ကြောင်း ပထမအကြိမ် ပြောကြားခဲ့သည်။

 ဖုန်းအသုံးပြုသူအချက်အလက် ထုတ်ပေးခြင်းနှင့် ပတ်သက် ၍ အစိုးရပိုင်ဆက်သွယ်ရေးအော် ပရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် ထုတ်ပြန်ပြောဆိုရန် ယနေ့အထိ ငြင်းဆိုထားသည်။ အော်ပရေတာများ ထံမှ ဖုန်းအသုံးပြုသူအချက်အလက်တောင်းခံရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရန် ကြားခံအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရ သည်။

‘‘ဥပဒေမှာပါတယ်။ အချက် အလက်ထုတ်ပေးဖို့ ပြည်ထောင် စုအစိုးရက တာဝန်ပေးလို့ရတယ်။ အဖွဲ့အစည်းတစ်ရပ်ဖွဲ့ရမယ်။ အဲဒါကို ကျွန်တော်တို့ပြည်ထဲရေး နဲ့ ဆွေးနွေးနေတယ်’’ဟု ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်း က ဒီဇင်ဘာအတွင်းပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာ တယ်လီနော၏ထုတ်ပြန်မှု၌ ၂၀၁၄ မှ ၂၀၁၇ အထိ ဖုန်းအသုံးပြုသူ ၁၀၀ ဦး၏ အချက်အလက်များကို အစိုးရကတောင်းခံခဲ့သော်လည်းထုတ်ပေးသင့်သည်ဟု ယူဆသည့် ဖုန်းအသုံးပြုသူ ၂၇ ဦး၏ အချက်အလက်များကိုသာ ထုတ်ပေးခဲ့သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေးဥပ ဒေကို သမ္မတကမတ်လ ၈ ရက်၌ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သော် လည်း အာဏာပိုင်များအနေဖြင့် အော်ပရေတာများတွင် ကြားဖြတ် နားထောင်ခွင့်နှင့် ပတ်သက်၍သီးသန့် ဥပဒေထွက်ရှိမလာသေး ကြောင်း Mr.Christopher Peirce က ပြောသည်။

ဖုန်းလိုင်းများမှ ကြားဖြတ်နားထောင်နိုင်သည့်စနစ်ကို ၂၀၁၅အတွင်း တည်ဆောက်ခဲ့သော် လည်း အစိုးရသည် ကြားဖြတ်နားထောင်ခွင့်ကို တောင်းဆိုခဲ့ခြင်း မရှိဘဲ ဖုန်းအသုံးပြုခဲ့သည့် အချက်အ လက်ကိုသာ တောင်းခံခဲ့သည်ဟု တယ်လီနောစီအီးအို Mr.Lars Erik Tellmann က ဖေဖော်ဝါရီ အတွင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈(ဂ)၌ မည်သူမျှ ဥပဒေနှင့် အညီ ခွင့်ပြုမိန့်တစ်စုံတစ်ရာ မရှိ ဘဲ ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးအ ကြား ဆက်သွယ်ရေးပစ္စည်းကိရိ ယာတစ်မျိုးမျိုးဖြင့် ဆက်သွယ် ပြောကြားခြင်းကို ကြားဖြတ်ဖမ်း ယူနားထောင်ခြင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် အနှောင့်အ ယှက်ပေးခြင်းမပြုရဟု ဖော်ပြ ထားပြီး (ဃ)၌ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ် ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက် ထရွန်နစ်ဆက်သွယ်ရေးသတင်း အချက်အလက်များ တောင်းယူ ခြင်း၊ ထုတ်ပေးခြင်းမပြုဟု ဖော်ပြထားသည်။

မူးယစ်ဆေးမှုနှင့် ပြစ်မှုကြီးများ စုံစမ်းရန် အူရီးဒူးက လူ ၂၆ ဦး၏ ဖုန်းအချက်အလက်များ ထုတ်ပေးခဲ့ရ မူးယစ်ဆေးမှုနှင့် ပြစ်မှုကြီးများ စုံစမ်းရန် အူရီးဒူးက လူ ၂၆ ဦး၏ ဖုန်းအချက်အလက်များ ထုတ်ပေးခဲ့ရ Reviewed by The Collector on Friday, March 24, 2017 Rating: 5

No comments