အသေးစားချေးငွေ ၀န်ဆောင်မှုလုပ်ငန်း အထောက်အကူပြုဆော့ဖ်ဝဲ ပြည်တွင်းဈေးကွက် စတင်မိတ်ဆက်


Thitsaworks ကုမ္ပဏီစီအီးအို ဦးညီငြိမ်းအေး (fb.com/thitsaworks)

 အသေးစားချေးငွေ ၀န် ဆောင်မှု  လုပ်ငန်းလည်ပတ်ရာ တွင် အထောက်အကူဖြစ်စေမည့် ဆော့ဖ်ဝဲကို အမေရိကန်အခြေ စိုက် Mifos Initative နှင့်ပူးပေါင်း ၍ Thitsaworks ကုမ္ပဏီက မြန်မာ နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။

 ငွေကြေးဆိုင်ရာဝန်ဆောင် မှု လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲသည် အပိုင်းနှစ်ပိုင်းပါဝင်ပြီး Management Information System ခေါ် အ ချက်အလက်ထိန်းသိမ်းခြင်းနှင့် အသေးစားချေးငွေလုပ်ငန်းဆိုင် ရာ ၀န်ဆောင်မှုအသိုင်းအ၀ိုင်း ကြား အချက်အလက်ပြန်လည် ဝေမျှခြင်းတို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။


‘‘အချက်အလက်ဖလှယ်တဲ့ အလေ့အထက မရှိကြဘူး။ ပြိုင် ဘက်သဘောမျိုးဖြစ်နေတော့ ကိုယ့်ဆီငွေလာချေးတဲ့လူရဲ့ အ ချက်အလက်ကို မဖလှယ်ကြဘူး။ အချက်အလက်ဖလှယ်ခြင်းအား ဖြင့် အသေးစားချေးငွေလုပ်ငန်း ခွင်ကြီးတစ်ခုလုံး အကျိုးအများ ကြီးရှိတယ်လို့ ထင်တယ်။ ငွေချေး သူက ငွေချေးလုပ်ငန်းတစ်ခုထက် မကတဲ့ဆီက ငွေချေးထားတာ ဖြစ်တတ်တယ်။ အချက်အလက် ဖလှယ်ထားရင် ငွေချေးသူမှာ အ ကြွေးဘယ်လောက်ရှိတယ်၊ သူပြန်ဆပ်နိုင်ပါ့မလား၊ အမှုကိစ္စဘာရှိလဲဆိုတာအထိ သိနိုင်တယ်’’ ဟုThitsaworks ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးညီငြိမ်းအေးက ပြောသည်။

မြန်မာနိုင်ငံ၌ ငွေကြေးဆိုင် ရာ ၀န်ဆောင်မှုလုပ်ငန်းပေါင်း ၁၆၈ ခုကျော်ရှိသည့်အနက် Thitsaworks ကုမ္ပဏီသည် အ သေးစားငွေချေးလုပ်ငန်းနှစ်ခုနှင့် ချိတ်ဆက်၍ ဆော့ဖ်ဝဲ၀န်ဆောင် မှုပေးနေပြီး အခြားသော ငွေချေး လုပ်ငန်းများနှင့် ဆွေးနွေးနေသည် ဟု ကုမ္ပဏီက သတင်းထုတ်ပြန် ထားသည်။

 ‘‘အသေးစားချေးငွေလုပ် ငန်းအများစုက ဒီစနစ်ကို မသုံး သေးဘဲ လည်ပတ်နေကြတယ်။ လည်ပတ်လို့လည်း ရနေတယ်။ ဒါပေမဲ့ အများကြီးတိုးချဲ့လို့ မရ ဘူး။ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေတယ်။ အခုဆို ရင် အသေးစားချေးငွေလုပ်ငန်း အများစုက မြို့ပြရဲ့ ဆင်ခြေဖုံး တွေမှာပဲ လုပ်နိုင်သေးတယ်။ ၇၀ရာခိုင်နှုန်းကို ရောက်ဖို့ဆိုရင် ဒီ စနစ်တွေကို မသုံးလို့မရတော့ဘူး’’ဟု ဦးညီငြိမ်းအေးက ပြောသည်။

 မြန်မာနိုင်ငံ၏ အသေးစား ငွေချေးငွေလုပ်ငန်းများ၌   Mifos ကဲ့သို့သော ၀န်ဆောင်မှုဆော့ဖ် ၀ဲ ကို အသုံးပြုနေသော်လည်း Mifos သည် အခြားသော ဆော့ဖ်ဝဲနှင့် မတူဘဲ Opensource ဆော့ဖ် ၀ဲဖြစ်ကြောင်း၊ ငွေချေးလုပ်ငန်း များ၌ လိုအပ်သော အစီရင်ခံစာ နှင့် လချုပ်စာရင်းများအတွက် အ လွယ်ကူဆုံးပြသပေးရန် ကူညီနိုင်ကြောင်း Thitsaworks ကုမ္ပဏီမှ သိရသည်။

အသေးစားချေးငွေ ၀န်ဆောင်မှုလုပ်ငန်း အထောက်အကူပြုဆော့ဖ်ဝဲ ပြည်တွင်းဈေးကွက် စတင်မိတ်ဆက် အသေးစားချေးငွေ ၀န်ဆောင်မှုလုပ်ငန်း အထောက်အကူပြုဆော့ဖ်ဝဲ ပြည်တွင်းဈေးကွက် စတင်မိတ်ဆက် Reviewed by The Collector on Thursday, March 16, 2017 Rating: 5

No comments