5BB Broadband ဖိုက်ဘာကေဘယ် အင်တာနက်လိုင်းဝန်ဆောင်မှု မန္တလေးတွင် ယခုလကုန်စတင်မည်


မန္တလေးမြို့လယ်ကို အပေါ်စီးက တွေ့ရစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

 ဇူလိုင်လကုန်ကစ၍ လစဉ်ကြေး ပေးသွင်းရုံဖြင့် အကန့်အသတ်မရှိ (Unlimited) အသုံးပြုနိုင်မည့် 5BB Broadband ဖိုက်ဘာကေဘယ်အင်တာနက် လိုင်းများကို မန္တလေးမြို့တွင် စတင် ဝန်ဆောင်မှုပေးမည်ဟု Global Technology ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

5BB ဖိုက်ဘာအင်တာနက် လိုင်းများကို ဝန်ဆောင်မှုပေးမည့် အပြင် မန္တလေးရှိ အများပြည်သူ နှင့်ဆိုင်သော နေရာငါးခုခန့်တွင် Wifi စနစ်ဖြင့် အခမဲ့အင်တာနက် အသုံးပြုနိုင်ရန်လည်း စီစဉ်ပေး မည်ဟုဆိုသည်။


‘‘အခမဲ့အင်တာနက် ပေး သွားမယ့်နေရာကတော့ ရှာနေ တုန်းပဲ။ စစချင်းတော့ သုံးနေရာ ကနေ ငါးနေရာလောက်အတွင်း မှာ စသွားမှာပါ။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ နေရာ ရရှိမှုပေါ်မူတည်ပြီး ပေးသွားမှာပါ’’ ဟုGlobal Technology ကုမ္ပဏီ မှ လုပ်ငန်းစီမံခန့်ခွဲမှု တာဝန်ခံ တစ်ဦးက ပြောသည်။

5BB Broadband အနေ ဖြင့် အင်တာနက်ဝန်ဆောင်မှုများ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီက ရန်ကုန်မြို့၌ စတင်ပေးခဲ့ပြီး ဇူလိုင်လကုန်တွင် မန္တလေးမြို့၌ ထပ်မံတိုးချဲ့ကာ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

‘‘ဖိုက်ဘာကေဘယ်နဲ့ချိတ် ပြီး ဝန်ဆောင်မှုပေးမှာဖြစ်တဲ့ အတွက် အင်တာနက်လိုင်းက တောက်လျှောက် ငြိမ်နေမယ်။ ပြီးတော့ အရင်က Wireless ဝန် ဆောင်မှုတွေမှာလို သုံးတဲ့အပေါ် မူတည်ပြီး ကောက်တာမဟုတ် တော့ဘူး။ လစဉ်ကြေးပေးပြီး ကြိုက်သလောက် Unlimited သုံးလို့ရမယ်။ လစဉ်ကြေးပေါ် မူတည်ပြီး မြန်နှုန်းတော့ ကွာနိုင် ပါတယ်’’ဟု Global Technology ကုမ္ပဏီမှ လုပ်ငန်းစီမံခန့်ခွဲမှု တာ ဝန်ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဝန်ဆောင်မှုပေးနေသော လစဉ် ကြေးနှုန်းထားများသည် 1Mbps ခုနစ်သောင်းခွဲကျပ်၊ 3Mbps တစ်သိန်းခုနစ်သောင်းကျပ်၊ 5M bps နှစ်သိန်းနှစ်သောင်းကျပ်၊ 10Mbps ကျပ်သုံးသိန်းခွဲ၊ 20 Mb ps ခြောက်သိန်းကျပ် သတ်မှတ် ထားသည်။

5BB Broadband ဖိုက်ဘာကေဘယ် အင်တာနက်လိုင်းဝန်ဆောင်မှု မန္တလေးတွင် ယခုလကုန်စတင်မည် 5BB Broadband ဖိုက်ဘာကေဘယ် အင်တာနက်လိုင်းဝန်ဆောင်မှု မန္တလေးတွင် ယခုလကုန်စတင်မည် Reviewed by The Collector on Friday, July 21, 2017 Rating: 5

No comments