အစိုးရအနေဖြင့် အိုင်စီတီကဏ္ဍအပေါ် အာရုံစိုက်ရန်လိုအပ်သည်ဟု ဟွာဝေးမှတာဝန်ရှိသူ ပြော


ဘားကမ့်ရန်ကုန် ကျင်းပနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့် အိုင်စီတီကဏ္ဍကို မြန်မာအစိုးရအနေဖြင့် အာရုံပိုမို ထားရှိရန် လိုအပ်ကြောင်း ဟွာဝေးကုမ္ပဏီ၏ မြန်မာစီအီးအို Mr.Zhang Limanက ပြောသည်။

မြန်မာနိုင်ငံသည် အိုင်စီတီ နှင့်ပတ်သက်၍ အခြေခံအ ဆောက်အအုံမျှဝေအသုံးပြုမှုအ ပါအ၀င် အခြားသောကိစ္စရပ်များ စွာကို ဖြေရှင်းရန်လိုအပ်နေသည့် နိုင်ငံဖြစ်ပြီး အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေးကို အ ထောက်အကူဖြစ်စေသည့် အိုင်စီ တီကဏ္ဍကို ပိုမိုအာရုံစိုက်ရန်လို အပ်ကြောင်း ၎င်းကပြောသည်။


မြန်မာနိုင်ငံ၏ အိုင်စီတီနယ် ပယ်သည် လွန်ခဲ့သော ၁၀ နှစ် ကျော်က တိုးတက်ပြောင်းလဲမှု များရှိခဲ့သော်လည်း လက်ရှိအချိန် ၌ တိုးတက်ပြောင်းလဲမှုများမရှိ တော့ကြောင်း မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်ဥက္ကဋ္ဌဦးခွန်ဦးက မတ်လအတွင်း၌ ဝေဖန်ခဲ့သည်။  အိုင်စီတီနယ်ပယ်သည် ၂၀၀၁-၀၄ အတွင်းအတိုးတက် ဆုံးဖြစ်ခဲ့ပြီး ၂၀၀၄ နောက်ပိုင်း တိုးတက်မှုမရှိတော့ကြောင်း၊ အ လားတူအစိုးရ၏ ကူညီထောက် ပံ့မှုလည်း ၂၀၀၄ နောက်ပိုင်းမရှိ သလောက်ဖြစ်လာခဲ့ကြောင်း မြန် မာနိုင်ငံကွန်ပျူတာအသင်းချုပ် က သုံးသပ်သည်။

‘‘မြန်မာနိုင်ငံက အခြားနိုင်ငံ တွေနဲ့ယှဉ်ရင် ကွာဟချက်ကြီးမား (အိုင်စီတီကဏ္ဍ) နေပါသေး တယ်။ အခြေခံအဆောက်အအုံ မျှဝေသုံးစွဲခြင်းလိုမျိုး အခြားကိစ္စ အမြောက်အမြားလည်း ဖြေရှင်း စရာရှိနေပါသေးတယ်’’ ဟု Mr. Zhang Liman က ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လျှော့ချနိုင်ရန်၊ တာဝါတိုင်နှင့် ဖိုက်ဘာဆက်ကြောင်းများ အ ချင်းချင်းမျှဝေအသုံးပြုရန် ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာနက တိုက်တွန်းထား ကြောင်း၊ လက်ရှိတွင် အချို့သော တာဝါတိုင်များကို အော်ပရေတာ များ မျှဝေအသုံးပြုနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောသည်။

‘‘အစိုးရအဆက်ဆက်က အ ကောင်အထည်ဖော်ဆောင်နေတဲ့ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သော အုပ်ချုပ်မှုစနစ်တွေကို အ ကောင်အထည်ဖော်ဆောင်တဲ့နေ ရာမှာ အိုင်စီတီကို မဖြစ်မနေအ သုံးပြုရမယ်ဆိုတာ အားလုံးက လက်ခံထားတယ်။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အိုင်စီတီ ကို မဖြစ်မနေ အသုံးပြုရမယ်လို့ အစိုးရတိုင်းက ပြောနေပေမယ့် လည်း အခုထိထူးခြားတာ ဘာ တစ်ခုမှ မတွေ့ရသေးပါဘူး’’ ဟု ဦးခွန်ဦးက ပြောသည်။

အစိုးရအနေဖြင့် အိုင်စီတီကဏ္ဍအပေါ် အာရုံစိုက်ရန်လိုအပ်သည်ဟု ဟွာဝေးမှတာဝန်ရှိသူ ပြော အစိုးရအနေဖြင့် အိုင်စီတီကဏ္ဍအပေါ် အာရုံစိုက်ရန်လိုအပ်သည်ဟု ဟွာဝေးမှတာဝန်ရှိသူ ပြော Reviewed by The Collector on Saturday, July 08, 2017 Rating: 5

No comments