ကာတွန်းအက်ပလီကေးရှင်းဖန်တီးသည့် Startup ကုမ္ပဏီ ကန်ဒေါ်လာ တစ်သိန်းခွဲခန့် ရင်းနှီးမြှုပ်နှံမှု ရရှိ


White Merak မှဖန်တီးထားသည့် ကာတွန်းဇာတ်လမ်းကြော်ငြာတစ်ခု

 Startup ကုမ္ပဏီတစ်ခုအနေဖြင့် ဖန်တီးရာအဖွဲ့၏ မြေတောင်မြှောက်ပေးရေးအစီအစဉ် (Accelerator) ၌ ပါဝင်ခွင့်ရရှိခဲ့သည့် White Merak အက်ပလီကေးရှင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ငါးဦးထံမှ ကန်ဒေါ်လာ ၁၄၀,၀၀၀ ရင်းနှီးမြှုပ်နှံမှုရရှိခဲ့သည်။

White Merak သည် ကာ တွန်းများဖော်ပြသည့် အက်ပလီ ကေးရှင်းဖြစ်ကာ စတင်ပြီး သုံးလ အတွင်း စာရင်းပေးသွင်းကြည့်ရှုသူ ၁၀,၀၀၀ ရရှိခဲ့သည့် အက်ပ လီကေးရှင်းဖြစ်သည်။ Annima-tion နည်းပညာဖြင့် ကာတွန်းများ ကိုပါ ဖော်ပြနိုင်ခဲ့သည့် အက်ပလီကေးရှင်းဖြစ်ပြီး နာမည်ကြီး ကာ တွန်းဆရာများလည်း ပါဝင်ထားသည်။

KTS Myanmar, ZwenexysLtd, Technomation, Cars DBနှင့် VR & AR လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူတို့က White Merakအက်ပလီကေးရှင်း၌ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ခဲ့ခြင်းဖြစ်သည်။ WhiteMerak သည်လက်ရှိ၌အသုံးပြုသူ၁၇,၀၀၀ ရှိပြီး ၂၀၁၈ အကုန်ပိုင်းတွင် အသုံးပြုသူသန်းဂဏန်းအထိရှိလာမည်ဟု စတင်တည်ထောင်သူတို့က ခန့်မှန်းထားသည်။

White Merak ၏ကာလတန်ဖိုးသည် ကန်ဒေါ်လာ ၆၀၀,၀၀၀ အထိရှိလာခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံသူ ငါးဦးမှ ကုမ္ပဏီ၏အစုရှယ်ယာကို ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ပဏာမ ရင်းနှီးမြှုပ်နှံမှုနှင့် မြေတောင် မြှောက်ပေးခြင်းကိုပြုလုပ်ခဲ့သည့် ဖန်တီးရာအဖွဲ့က ကုမ္ပဏီ၏ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ဖန်တီးရာအဖွဲ့သည် Start-up ကုမ္ပဏီလေးခုကို ၂၀၁၆ စက် တင်ဘာကစတင်၍ ခြောက်လအ ကြာ Camp သွင်းလေ့ကျင့်သင် ကြားပေးခဲ့သည့်အပြင် ရင်းနှီးမြှုပ် နှံမှုအဖြစ် ကန်ဒေါ်လာ ၂၅,၀၀၀ စတင်ထုတ်ပေးခဲ့သည်။ White Merak ကိုပြည်တွင်းရှိ လူငယ် ၁၀ ဦးက ပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

White Merak နှင့်အတူ ဖန် တီးရာ၏ပထမအကြိမ် Accele-rator ၌ အလုပ်အကိုင်ရှာဖွေသည့် Chate Sat အက်ပလီကေးရှင်း၊ ခရီးသွားလမ်းညွှန် Gop နှင့်တည်း ခိုရေးအတွက် ဘွတ်ကင်ပြုလုပ် သည့် EzStay ပါဝင်သည်။

ကာတွန်းအက်ပလီကေးရှင်းဖန်တီးသည့် Startup ကုမ္ပဏီ ကန်ဒေါ်လာ တစ်သိန်းခွဲခန့် ရင်းနှီးမြှုပ်နှံမှု ရရှိ ကာတွန်းအက်ပလီကေးရှင်းဖန်တီးသည့် Startup ကုမ္ပဏီ ကန်ဒေါ်လာ တစ်သိန်းခွဲခန့် ရင်းနှီးမြှုပ်နှံမှု ရရှိ Reviewed by The Collector on Sunday, July 09, 2017 Rating: 5

No comments